CHAPTER 5 : This Is How They Do

283 36 6
                                    

'ဘုရား ဘုရား ...ဒီ​ကောင့်​ကို ထိန်းရတာနဲ့တင်​ငါလဲ​သေမှာဘဲ '

တောင်​​ခြေ​ရောက်​​သောအခါ ယိုင်​နဲ့​နေ​သော Jung Kook ကို လိုက်​ထိန်းရင်း oh se hun တို့ က​လေးအ​ဖေ ဖြစ်​​နေရရှာသည်

'​ဟေ့​ကောင်​ ...အဲ့​လောက်​လဲမပိုနဲ့​လေကွာ..ငါဆို ​နေ့တိုင်းတက်​လိုက်​ဆင်းလိုက်​ ..မင်း​လောက်​ကြီးမ​မောဘူး
မင်းပုံက​သေ​တော့မဲ့အတိုင်းဘဲ '

စက်​ဘီးသာစီးဖူး​သော Jung kook ခမျာ လည်း ကြမ်းတမ်းတဲ့​တောင်​ကြီိးကို​ခြေကျင်​ အမြန်​ဆင်းလာရ​တော့
သာ​ခွေယိုင်​ဖြစ်​ပြီး ​ဟော​ဟဲ ​ဟောဟဲနှင့်​ အ​မောစို့​နေရှာသည်
ခေါင်းစည်း​တွေ​ရော မျက်​နှာဖုံး​တွေ​ရောနှင့်​ တစ်​ကိုယ်​လုံးလဲ ​ချွေး​တွေရွှဲနစ်​​နေ​လေသည်

'အမ​လေး...ငါ့ကိုဒီ​နေရာကိုဘာ​ကြောင့်​ဘယ်​သူက ပိုလိုက်​လဲ​တော့မသိဘူး ...​သေ​တော့မယ်​ ...​သေမှာဘဲ...​ရေ...​ရေ ​ပေးကြပါ လို့ '

Sehun က လည်း ​ရေဘူးကိုထုတ်​ပြီး​ပေးလိုက်​သည်
Jung kook ​ပြောတာ နားလည်​လို့​တော့မဟုတ်
ရေမှမ​သောက်​ရရင်​ တစ်​စက္ကန့်​​တောင်​ မခံ​တော့မဲ့ဒီဇိုင်းမို့လို့​ပေးလိုက်​ချင်းဖြစ်​သည်

Jung kook လဲ တစ်​ဘူးလုံးကုန်​​အောင်​​မော့လိုက်​သည်

ရေလဲ​သောက်​ပြီး​ရော ..သူတို့ဆီကို​ပြေးလာတဲ့ မျက်​နှာဖုံးနဲ့လူ​တွေ​ကြောင့်​ လန့်​ဖြန့်​ကာ sehun ​နောက်​မှာသွား​နေလိုက်​သည်
Sehun အင်္ကျီစကိုလည်းဆွဲထား​သေးသည်

'ha ha ..မ​ကြောက်​ပါနဲ့ကွ ငါ့လူ​တွေပါ '

Jung kook ​ခေါင်းကိုပုတ်​ပြီး​ပြောလိုက်​သည်

'ဘာလူ​တွေလား ...မျက်​နှာဖုံးအမည်း​တွေနဲ့ လာပြန်​ပြီ တစ်​အုပ်​စု '

Sehun : မင်းတို့​ကောင်း​ကောင်း​လေ့ကျင့်​ထားကြ တစ်​​နေ့ကျရင်​ ငါတို့ပိုင်​တဲ့​မြေအတွက်​ ငါတို့တိုက်​ခိုက်​ကြရမှာ အားမ​လျော့ဘဲ ကြိုးကြိုးစားစား​လေ့ကျင့်​ထားကြ !!!

Men : ဟုတ်​ !!!

Sehun က ​လေ့ကျင့်​​ရေးကွင်းထဲကတဲ​တွေဆီကို
လျှောက်​သွားသဖြင့်​ Jung Kook လည်း တစ်​ဖဝါးမှမခွာဘဲ လိုက်​သွား​လေသည်

Based On True Story Where stories live. Discover now