Part4

1.3K 186 25
                                    

ဒီက​လေးနဲ့​တွေ့မှ ကျွန်​​တော်​လည်း လူဆိုး​ခေါင်း​ဆောင်​ဘဝက​နေ က​လေးထိန်းကိုဖြစ်​လို့.....အလုပ်​မှန်​သမျှကို လက်​​အောက်​ငယ်​သား​တွေထံအကုန်​အပ်​ပီး တ​နေ့​တ​နေ့ ဒီက​လေးဘာ​တွေဖြစ်​​နေမလဲ..ဘာ​တွေစိတ်​ဆင်းရဲ​နေဦးမလဲ..အဲ့ဒါ​တွေပဲ​တွေး​နေမိတယ်​.....
အခုလည်း သူတို့အိမ်​​ရှေ့ကို ကျွန်​​တော်​​ရောက်​​နေမိပြန်​ပီ...

မနက်​ကတည်းက​ရောက်​​နေတာ.....အခုထိ က​လေးရဲ့အရိပ်​အ​ယောင်​​လေး​တောင်​မ​တွေ့ရ​သေးဘူးဗျာ.....

Kris ကားထဲက​နေတဆင့်​ Chanyeolတို့အိမ်​​လေးကို​မျှော်​ကြည့်​​နေရင်းသာ တမနက်​စာအချိန်​ကုန်​လွန်​ခဲ့သည်​.....

ကျွန်​​တော်​ကိုယ်​ကျွန်​​တော်​လည်းထူးဆန်း​နေမိပါသည်​.....

အရင်​တုန်းကဆို မ​သေချာမ​ရေရာတဲ့အလုပ်​တခုကို လုပ်​ဖို့မ​ပြောနဲ့.....စိတ်​ကူးထဲ​တောင်​မထည့်​တတ်​ပါ.....

နောက်​တခု ...​စောင့်​ရသည့်​အလုပ်​ကို ကျွန်​​တော်​သိပ်​မုန်းသည်​....အချိန်​မ​လေးစားတဲ့လူတ​ယောက်​အတွက်​ ကျွန်​​တော့်​ရဲ့တန်​ဖိုးရှိတဲ့အချိန်​​တွေကို တစက္ကန့်​​တောင်​ တန်​ဖိုးမဲ့ကုန်​ဆုံးခွင့်​မပြုခဲ့ပါ....

ပီး​တော့ ကျွန်​​တော်​ စိတ်​ကူးမယဉ်​တတ်​ပါ...စိတ်​ကူး​လေးနဲ့​ပျော်​​မွေ့​နေ​သော သူတချို့ကို ကျွန်​​တော်​သိပ်​အထင်​​သေးသည်​....​လောကမှာ စိတ်​ကူး​လေးနဲ့ဘာမှတကယ်​ဖြစ်​မလာနိုင်​ဟု ကျွန်​​တော်​လက်​ခံထားခဲ့သည်​....စိတ်​ကူးယဉ်​ခြင်းသည်​ အသုံးမကျ​သောသူတချို့၏လုပ်​ရပ်​သာဖြစ်​သည်​ဟု စွဲထင်​ထားခဲ့သည်​.....

သို့​သော်​ ယခုအချိန်​တွင်​ ကျွန်​​တော်​၏အယူအဆတချို့ကို က​လေးက​ပြောင်းလဲ​စေခဲ့သည်​....

က​လေးသည်​ ကျွန်​​တော့်​ကို အ​ကြောင်းမဲ့အချိန်​ဖြုန်းတတ်​လာ​စေသည်​....

က​လေးသည်​ ကျွန်​​တော့်​ကို ​စောင့်​ဆိုင်းရခြင်းကိုမြတ်​နိုးလာ​စေသည်​....

က​လေးသည်​ ကျွန်​​တော့်​ကို စိတ်​ကူးယဉ်​ခြင်း၌​ပျော်​​မွေ့လာ​စေသည်​.....

I'll be your everything(On Hiatus)Место, где живут истории. Откройте их для себя