I'll be your everything..

2.3K 191 16
                                    

မှောင်​မိုက်​​နေ​သောလမိုက်​ညတည..

လူပြတ်​​သောလမ်းကြိုလမ်းကြား​လေးထဲတွင်​လူတ​ယောက်​၏​သနားစဖွယ်​​အော်​ညည်းသံကတိတ်​ဆိတ်​ငြိမ်​သက်​​နေ​သောပတ်​ဝန်းကျင်​တခုလုံးကိုလွှမ်းမိုးသွားသည်​...

Steelတုတ်​များကိုယ်​စီကိုင်​​ဆောင်​ထား​သောလူမိုက်​​လေးငါး​ယောက်​ခန့်​ကသပ်​ရပ်​စွာဝတ်စားဆင်​ယင်​ထား​သောလူကြီးလူ​ကောင်းအသွင်​ပုံစံရှိသည့်​လူတ​ယောက်​အားအနိုင်​ကျင့်​နှိပ်​စက်​​နေခြင်းပင်​...

ထိုလူကြီးကိုကြည့်​ရတာ​နောက်​ထပ်​​နာရီဝက်​​လောက်​သာဒီလိုပုံစံမျိုးနဲ့ထပ်​နှိပ်​စက်​ခံ​နေရဦးမည်​ဆိုလျှင်​​သေရွာသို့သွားရမည်​မှာမလွဲဧကန်​ပင်​....

"​တောင်းပန်​ပါတယ်​..ကျွန်​​တော်​​နောက်​ဒီလိုမျိုးမလုပ်​​တော့ပါဘူး..တကယ်​​တောင်းပန်​ပါတယ်​.."

အထပ်​ထပ်​အခါခါထိုးကြိတ်​ရိုက်​နှက်​​နေသည့်​ကြားကအသက်​​ဘေးမှလွတ်​လိုလွတ်​ငြား​တောင်းပန်​​​နေ​သေးသည်​..မျက်​နှာတခုလုံးစုတ်​ပြတ်​သတ်​ပီး​တကိုယ်​လုံး​သွေးချင်းချင်းရဲ​နေကာတုန်​ရီ​နေ​သောထိုသူ၏အဖြစ်​ကိုတပါးသူမြင်​လျှင်​သနား​ကောင်းသနားပါလိမ့်​မည်​....သို့​သော်​..သနားခြင်း..ခွင့်​လွှတ်​ခြင်း..ကြင်​နာခြင်း..ထို​သို့​သောအရာများနှင့်​ကင်းကွာခဲ့တာဆယ်​နှစ်​နီးပါးခန့်​ရှိပီဖြစ်ျသာကျွန်​​တော်​လိုလူတ​ယောက်​အတွက်​ဤသို့​သောဖြစ်​ရပ်​မျိုးကို​လှောင်​ရယ်​စရာပြက်​လုံးတခုထက်​ပိုပီးသတ်​မှတ်​မထားနိုင်​ပါ....

"ခဏရပ်​လိုက်​.."

အသံသြဇာရှိ​သောသူ၏အမိန့်​အာဏာသံဆုံးသည်​နှင့်​ထိုလူကိုရိုက်​နှက်​​နေ​သောလူမိုက်​များခဏရပ်​တန့်လိုက်​သည်​...​မြေပြင်​​ပေါ်တွင်​အတုံးအရုံးလဲ​နေ​သောထိုလူ၏​ဘေးသို့သွားကာဒူးတ​ဖက်​​ထောက်​ပီးထိုင်​လိုက်​သည်​..ထို့​နောက်​​မှောက်​ယက်​လဲ​နေ​သောထိုသူ၏ဆံစများကိုလက်​တဖက်​ကိုဆုပ်​ကိုင်​ကာဆွဲ​မော့လိုက်​သည်​..

I'll be your everything(On Hiatus)Où les histoires vivent. Découvrez maintenant