sica's pov
sica ဘယ်ရောက်နေတာလိမ့်။ omma နှင့် appa ရော။ sica တစ်ယောက်တည်းလား။ sica ကြောက်တယ်။ ကြည့်ရတာတော့တောတစ်ခုထဲရောက်နေတာဖြစ်မယ်။ ဟယ်။ ရှေ့မှာလူရိပ်တစ်ခုတွေ့တယ်။ ဘယ်သူလဲမသိဘူး။ ဟာ။ soo jung နှင့်တူလိုက်တာ။ မဖြစ်နိုင်တာ။ soo jung က မရှိတော့ဘူးလေ။ သေသေချာချာ ကြည့်မှ။ ဟာ။ ငါမမှားဘူး။ အဲ့ဒါ soo jung ပဲ။sica - soo jung ah! (shout)
sica လှမ်းခေါ်တာကို ဘာလို့ soo jung က လှည့်မကြည့်တာလဲ။ ဒီကောင်မလေး စိတ်ကောက်နေပြန်ပြီ နှင့်တူတယ်။ သွားချော့မှ။ sica လည်းပြေးသွားပြီး soo jung ကို အနောက်ကနေ လှမ်းဖက်လိုက်တယ်။ ဒါတောင် soo jung က ဂရုမစိုက်။ sica မျက်ရည်တွေ ကျလာသည်။ ပျော်ပြီးကျတဲ့ မျက်ရည်ပါ။ ညီမလေးကို ပြန်တွေ့ရပြီလေ။Sica - soo jung ah! unnie ကိုထားမသွားနှင့်တော့နော်။ unnie တို့ အရင်လို အတူတူနေပြီး အတူတူဆော့ကြမယ်လေ။ soo jung မရှိဘဲ unnie မနေနိုင်ဘူး။ soo jung ကို unnie က အရမ်းလွမ်းနေတာ။
ကျွန်မကသာ စကားတွေကို rap ရွတ်သလို တရစပ် ပြောနေတာ။ သူက ဘာမှပြန်မပြောဘူး။ ဒါပေမယ့် 'unnie' လို့လှမ်းခေါ်တဲ့ အသံတစ်သံကို ကြားလိုက်သည်။ ဒါပေမယ့် ကျွန်မသိတယ်။ ဒါ soo jung အသံ မဟုတ်ဘူးဆိုတာ။ အသံလာရာ ဘက်ကို လှမ်းကြည့်လိုက်သည်။ မြင်လိုက်ရတာကတော့ taengoo ကိုပါ။ သူက ချစ်ဖို့ကောင်းအောင် ပြုံးထားသည်။ ပြီးတော့ ကျွန်မ ဆီကို လျှောက်လာသည်။ ပြီးတော့tae - soo yeon unnie. လာလေ။ taengoo နှင့်ဆော့မယ်။ သူက soo jung လား။ annyeong။ ငါက soo yeon unnie ရဲ့ အချစ်ဆုံး ညီမလေး taengoo ပါ။
ဒီဟာမ လေး ဘာတွေ လျှောက်ပြောနေတာလဲ မသိဘူး။ ပြီးတော့ သူက ပို ချစ်ဖို့ကောင်းအောင် ပြုံးပြနေသေးတယ်။ ဒါပေမယ့် soo jung ဆီက စကားသံ ထွက်လာသည်။soo jung - unnie! soo jung က unnie ရဲ့ အချစ်ဆုံးမဟုတ်ဘူးလား။ soo jung ခဏလေး ထွက်သွားတာနှင့် soo jung ကို မေ့ပြီး နောက်တစ်ယောက် ပြောင်းပြီး ချစ်သွားတာလား။ soo jung မှာတော့ unnie ကို ချစ်လွန်းလို့။ unnie ကျတော့။ ဗြဲ။ unnie ကို မုန်းတယ်။ unnie ကို မုန်းတယ်။
ဆိုပြီး soo jung က ပြေးပြီး ထွက်သွားသည်။ ကျွန်မ လည်း အော်ပြီး soo jung နောက်ကို အားကုန်သုံးပြီး ပြေးသွားလိုက်သည်။ မျက်ရည်တွေကလည်း တရစပ်ကို ကျနေတာ။ ထူးဆန်းလိုက်တာ။ ကျွန်မ ဘယ်လောက် အားစိုက်ပြေးပြေး ဒီနေရာက မရွေ့ ဘူးဖြစ်နေတယ်။ ဒီတော့ ကျွန်မလည်း ငိုရုံက လွဲပြီး ဘာမှ မတတ်နိုင်ဘူးလေ။
