007

2.1K 160 4
                                    

မနက်ရောက်တော့ Kris အစောကြီးနိုးနေတယ်။ ဗီရိုကြီးဖွင့်ပြီး ဘာထည့်လို့ ထည့်ရမလဲမသိ ဖြစ်နေတာနဲ့ဘဲ ဧည့်ခန်းထဲ ထွက်လာတော့ Luhan ကသူ့အိတ်လေးကို အခန်းထဲကနေ အသာလေးသယ်လာတာတွေ့လိုက်တယ်။ အထုပ်ကသေးတော့ ဘာမှလဲသိပ်ထည့်ထားပုံမရပါဘူး။

" အဲ့အိတ်ထဲ ဘာတွေလဲ?"
Luhan က Kris ကိုတစ်ချက်ကြည့်ပြီး " ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး... ဝတ်မယ့် အဝတ်အစား တစ်ထည်နှစ်ထည်နဲ့ တစ်ခြား သွားတိုက်တံတို့ဘာတို့ ထည့်ထားတာပါ။ "

Kris က မပြောမဆိုနဲ့ အိတ်ကို ဆွဲဖွင့်ကြည့်လိုက်တော့ ထည့်ထားတဲ့ အဝတ်က နည်းနည်းလေး.. အသစ်ဆိုလို့တောင်မပါဘူး။ ခရီးသွားတာလား အလုပ် သွားလုပ်တာလား မသဲကွဲ။ Kris တစ်ယောက် သက်ပြင်းချပြီး Luhan ကို ဆွဲခေါ်သွားသည်။

ရောက်တဲ့နေရာကို ကြည့်လိုက်တော့ Luhan ပါးစပ် အဟောင်းသားဖြစ်သွားသည်။

Wu Shopping Mall တဲ့...

Shopping Mall ထဲ ရောက်ရောက်ချင်း Luhan နဲ့ လိုက်မယ့် အကောင်းစား အင်္ကျီတွေကို လက်ညိုးထိုးပြီး အိတ်အသစ်ထဲကိုတန်းထည့်တော့တာဘဲ။
သူဌေးဆိုတော့လဲ လိုချင်တာ လက်ညိုးထိုးလိုက်ရင်ရတယ်မဟုတ်လား။ Luhan က မလိုဘူး မဝယ်ဘူး ပြောနေပေမယ့်လဲ မကြားချင်ယောင်ဆောင်ပြီးတော့ကို ထည့်နေတာ ဆိုတာ။

ဝတ်လာတဲ့ အင်္ကျီကိုပါ တစ်ခါထဲ လဲပေးလိုက်သေးတယ်။ Luhan ကတော့ ပါးစပ် အဟောင်းသားလေးနဲ့ပေါ့။

လေဆိပ်ကို Suho ကလိုက်ပို့ပေးတယ်လေ။ ကားမောင်းနေတုန်း မျက်နှာက ပြုံးစိစိ လုပ်နေတာ။ ထုံးစံ အတိုင်းဆို Kris ကကားခေါင်းခန်းမှာ ထိုင်နေကျ အနောက်မှာ ဘယ်သူပါပါ... ဒီနေ့ကျတော့ အနောက်မှာ Luhan နဲ့ထိုင်နေလေရဲ့။
Kris ရဲ့ပြောင်းလဲနေတဲ့ အနေအထားလေးကို Suho လဲရိပ်မိသလို Luhan လဲရိပ်မိပါတယ်။
ကားပြတင်းပေါက်ကနေ အပြင်ကို ငေးကြည့်နေပေမယ့် စိတ်ထဲမှာ ဘာစဉ်းစားနေလဲ ဆိုတာ Kris မှလွဲပြီး ဘယ်သူမှ သိမှာ မဟုတ်ပါဘူး။

I NEED YOU ( ကို့ဘဝမှာမင်းကိုလိုအပ်တယ် ) Myanmar VersionWhere stories live. Discover now