014

1.5K 120 0
                                    

Jiyeon ကိုအိမ်ပြန်လိုက်ပို့ပေးခဲ့ပြီး Lay တစ်ယောက် ဘာရယ်မဟုတ် Kris ရဲ့ အိမ်ရှေ့ကိုရောက်လာသည်။

ကားထဲကနေ လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ဝင်ပြီး ဘာပြောမှာလဲ။ ဘယ်လိုပြောမှာလဲ။ ဘာတွေပြောမှာလဲ။ ပြီးတော့ အခု အရေးကြီးတာက သူ့သူငယ်ချင်း ကဘာတွေစီစဉ်နေတာလဲ။ အဲဒါသိဖို့က အရေးကြီးနေတယ်လေ။

နောက်တစ်နေ့မနက်။။

Luhan က မနက်စာပြင်ဆင်ပြီး Kris ကိုကုမ္ပဏီသွားဖို့နှိုး။ဂသူ့ရဲ့တစ်နေ့တာထဲက ဟာတွေပေါ့။ Kris ကိုနှိုးရတာလဲ တော်တော်ကြာတယ်။ Luhan ကို ဖက်ပြီး အရင်ကွေးနေသေးတယ်။ ပြီးတော့မှ ထတယ်။ အဲ့ဒါသူ့အကျင့် တစ်ခုလိုဖြစ်လာတာပေါ့။

ရေချိုးမိုးချိုးပြီး မနက်စာ စားပြီးနောက် Kris .. America ရောက်နှင့်နေတဲ့ Suho ကိုဖုန်းဆက်လိုက်တယ်။
" အေး.... Suho.... ဟုတ်တယ်... ဒီနေ့ နေ့ခင်းဘက် လေယဉ်နဲ့ ဒီကထွက်လာမှာ... သေချာ အပ်ပါတယ်ကွာ.. နော်.. ကျေးဇူးဘဲ Suho ရာ.."

မှာစရာရှိတာတွေမှာပြီး ဖုန်းချလိုက်သည်။ တစ်ဦးထဲသောသူ့ရဲ့ ချစ်သူလေးကို Kris တို့တစ်ယောက် စိတ်မချဖြစ်နေလေရဲ့။

ညနေဘက် လေဆိပ်ကို သွားပို့မလို့ ပြင်ဆင်နေတုန်း ဖုန်းဝင်လာသည်။
" အေး Suho ပြော.."
" အေး Kris..... ငါ...ငါ...ပြောစရာရှိလို့ပါ.. ပြော..စရာဆိုတာထက် အကူအညီတောင်းချင်တယ်ကွာ.. မင်းကို.."
Kris ကရယ်လျှက် " Suho ရာ မင်းမဟုတ်တဲ့ အတိုင်း ဘာလို့စကားထစ်နေတာလဲ?? ဒီမှာ ငါမပြောဖူးဘူးလား။ မင်းကလဲ။ အကူအညီ မဟုတ်ဘူး။ ငါ့အသက်ကို မင်းလိုချင်ပါတယ် ဆိုရင်တောင် မင်းရဲ့ ကျေးဇူးတွေက ဆပ်လို့မကုန်နိုင်ဘူး.."
ဖုန်းပြောရင်း " Suho ငါနောက်မှ ပြန်ဆက်လိုက်မယ်။ အရေးကြီး ကိစ္စပေါ်လာလို့.."

ဖုန်းချပြီးနောက် Kris Laptop ကြီးကို ကြည့်ပြီး ဒေါ်သထွက်လာသည်။ ဘာလို့ခုမှတုန်း?

Luhan က အခန်းထဲ ဝင်လာပြီး " Yifan?? မသွားသေးဘူးလား သွားတော့မလားလို့..."
" Luhan??? "
သွေးမရှိတော့တဲ့ Kris မျက်နှာကိုကြည့်ပြီး ပြုံးလိုက်သည်။ " meeting ကိုသွားလိုက်ပါ မဟုတ်ရင် ပြသတာတက်နေဦးမယ် လေဆိပ်က taxi နဲ့သွားလို့ရနေတာဘဲ လိုက်မပို့နဲ့တော့လေ Yifan... နော်??"
" sorry ပါ Luhan.. လိုက်ပို့ပေးချင်နေတာ .."
" ရပါတယ်ဆို... ဒါဆိုသွားပြီနော်.. bye bye... "
Kris လဲလက်ပြပြီး ပြုံးပြကာ " ဂရုစိုက်နော် ချစ်.."
" အင်းပါ Suho ရှိတာဘဲကိုး။ သိပ်ပြီးတော့လဲ စိတ်မပူပါနဲ့.. တာ့တာ..."

/တံခါးပိတ်သံ/

ဘယ်သူမှ ဒီ နှုတ်ဆက်တာက နေ ဘာတွေ ဖြစ်လာတော့မယ်ဆိုတာ ဘယ်သူမှ လဲ အစထဲက သိနေကြတာ မဟုတ်ဘူးလေ........

A/N: ByunSweety: နောက်ပိုင်းတွေကနေစပြီး လာပြီနော် xDD brace yourself 😘😘😘

Ilyall :*

I NEED YOU ( ကို့ဘဝမှာမင်းကိုလိုအပ်တယ် ) Myanmar VersionWhere stories live. Discover now