018

1.5K 120 1
                                    

Baekhyun တစ်ယောက် အိမ်ရှေ့မှာရပ်ထားတဲ့ ကားအမည်းရောင်လေးပေါ်တက်လိုက်သည်။ " Yeol ကားဝယ်လိုက်တာလား??"

Chanyeol ကခေါ်င်းညိမ့်ကာ " မင်းနဲ့အတူစီးချင်လို့ ဝယ်ထားတာ တစ်လကျော်လောက်ရှိပြီ။ ဗိုက်ဆာနေပြီလား "

" အင်း... "

Chanyeol က Baekhyun ပါးလေးကို အသာလေးဆွဲစိမ့်လိုက်ပြီး " ကိုယ့်ရဲ့အချစ်ကလေးက ဗိုက်ဆာနေတယ်ဆိုတော့ မြန်မြန်ပြန်ရမှာပေါ့။ အိမ်မှာ အချစ်ကလေးအတွက် ချက်ပြီးသားဘဲ။"

Baekhyun ကတော့ပြုံးလျက်။

...

အိမ်ရောက်လို့ ထမင်းစားသောက်အပြီး Chanyeol က စပ်စုပြီးမေးလိုက်သည်။ " Baek က အခု Park Jiyeon ဆီမှာလုပ်နေတာလား??"

Baekhyun က သက်ပြင်းချပြီး " အင်း။ အဖေရော အမေရောက Park အောက်မှာဆိုတော့ ခုတစ်လော မမလေး Park ကသူ့အိမ်မှာ အတွင်းလူတစ်ယောက် လိုတယ်ဆိုပြီးပြောတော့ ကံမကောင်းစွာ Baek ကငြင်းလို့မရ သွားလုပ်ပေးနေရတယ်လေ။"

" အတွင်းလူ?? Baek ကိုဘာတွေခိုင်းလို့လဲ။ ပိန်သွားလိုက်တာများ... မှန်ထဲလဲပြန်ကြည့်ဦး!"

" စိတ်ဆင်းရဲလွန်းလို့ပါ။ အဲ့ဒီ park jiyeon ကလေ... လူမဟုတ်လောက်ဘူး ရက်စက်လိုက်တာဆိုတာ... "

ပြောပြောဆိုဆိုနဲ့ စကားစမြည်ပြောရင်း TV ဖွင့်ရန် remote ကောက်ကိုင်မလို့စားပွဲပေါ်မှာ Chanyeol ချထားတဲ့ Kris စီကစာကို Baekhyun တစ်ယောက်တွေ့သွားပြီး ယူဖတ်လိုက်သည်။

" Yifan???"
အတွေးထဲမှာ အမှောင်ခန်းထဲက ကောင်လေး yifan လို့ခေါ်ဖူးတာကို သတိရသွားသည်။
" Yifan ကဘယ်သူလဲ yeol?? Luhan ဆိုတာကရော ဘယ်သူလဲ။ သူ အခုဘယ်မှာလဲ။ ဒီစာက ဘာတွေလဲ??"

Chanyeol က တစ်အံ့တစ်အော်ကြည့်ပြီး " ထူးဆန်းလို့ယူလာလိုက်တာ အစက... Yifan ဆိုတာက ကိုယ့်ရဲ့သူငယ်ချင်း... အစက Jiyeon ရဲ့ရည်းစား.. နောက်ပိုင်း ကိစ္စတွေကြောင့် Yifan နဲ့သူနဲ့က ပြတ်သွားပြီး Luhan ဆိုတဲ့ကောင်လေးနဲ့ Yifan ကလက်ထပ်လိုက်တာ။ Jiyeon ကအခုထိ လက်မခံနိုင်သေးဘူးဆိုပါတော့။ ဒီစာကတော့ လောလောဆယ် လက်ရှိအခြေအနေ အဖြစ်အပျက်တွေအရ ယူဆနေကြတာကတော့ Luhan က Yifan ရဲ့ငယ်ငယ်လေးကထဲက ပုခုံးဖက်ပြီးညီအကိုလိုပေါင်းခဲ့တဲ့ Suho.. သူ့အပေါ်မှာ ကျေးဇူးဆပ်ရင်တောင်ကုန်မှာမဟုတ်ဘူး yifan က... ဒါပေမယ့် အခု သူနဲ့ Luhan က America မှာ ချစ်ကြိုက်ပြီး Yifan ကိုသစ္စာဖောက်သွားကြတယ်ဆိုပါတော့... Yifan ကလဲမလိုက်ဖူးဆိုတဲ့အကြောင်းရင်းက Suho ကသူ့အတွက်ကျေးဇူးရှိတဲ့သူဖြစ်တာကတစ်ကြောင်း Luhan ကိုတော့ စိတ်နာနေတယ်ပြောမလား..."

I NEED YOU ( ကို့ဘဝမှာမင်းကိုလိုအပ်တယ် ) Myanmar VersionWhere stories live. Discover now