Episode 7.(I need u)

824 53 0
                                    


kook's pov:
သူမနက်နိုးလာတော့ taeကသူ့ဘေးမှာအိပ်ပျော်နေသည်...ညကသောက်ထားတာကြောင့်ခေါင်းကနောက်ကျိကျိနဲ့ ဒီနေ့ကျောင်းပိတ်လို့သာတော်သေးသည်...သူtaeကိုကြည့်ရင်းtaeဆံပင်လေးတွေသပ်ပေးနေသည် taeကတော့အိပ်ကောင်းတုန်း မနေ့ညကပင်ပန်းသွားပုံပဲ..." အင်: " taeမျက်လုံးတွေပွတ်ရင်းနိုးလာသည် ဝါးခနဲတစ်ချက်သန်းကာမျက်လုံးတွေမဖွင့်ချင်ဖွင့်ချင်နဲ့ဖွင့်လိုက်သည်...သူtaeကိုပြုံးပြရင်း " အိပ်လို့ကောင်းရဲ့လားtae? " ဆိုတော့taeက " ဟင့်အင်း မကောင်းပါဘူး " လို့ပြန်ဖြေသည်..." ဘာလို့လဲကွာ " သူပြောရင်းtaeခန္ဓာကိုယ်လေးကိုဖက်ပြီးဖျစ်ညစ်လိုက်သည်...taeက " ဘာမှမဟုတ်ပါဘူးကွာ စတာပါkookရယ် " လို့တသိမ့်သိမ့်ရယ်ရင်းပြောသည်...သူtaeနှုတ်ခမ်းလေးတွေကိုအနမ်းဖွဖွပေးရင်း taeဆံပင်လေးတွေနဲ့ဆော့နေသည်...taeကတော့သူ့ကိုပြုံးပြီးကြည့်နေသည် taeအကြည့်တွေဆီကတစ်ဆင့်taeရင်ထဲကအချစ်ကိုသူခံစားမိသည်...အော် taeရယ် saranghae ဒါငါ့အတွက်ထိပ်ဆုံးအကြိမ်ပါ...

tae's pov:
သူkookကိုကြည့်ရင်း kookဆံပင်လေးတွေကိုဖွနေသည် နောက်တော့kookနှဖူးလေးကိုတစ်ချက်နမ်းလိုက်သည်..." ထတော့kookဒီနေ့ကျောင်းပိတ်တယ် အိမ်ပြန်ရမယ်မလား? " လို့ပြောတော့ " အိမ်မပြန်ဘူး taeဆီမှာပဲနေမှာ၂ရက်လုံး "  တဲ့ သူက " ဟင် ommaစိတ်ပူနေမှာပေါ့ " ဆိုတော့ " ဖုန်းဆက်ပြီးပြောထားပြီးပါပြီ taeရယ် " လို့kookပြန်ပြောသည်...သူkookကိုဆွဲထလိုက်ရင်း " လာမျက်နှာသစ်ရအောင် " kookကပြုံးရင်းသူ့နောက်လိုက်လာသည်...သူ့အဝတ်တွေkookကိုပေးဝတ်လိုက်ပြီး သူတို့မနက်စာစားကြသည်..." beach သွားရအောင်လေ " kookကသူ့ကိုပြောတော့ သူkookကိုကြည့်ရင်း " naeeee သွားရအောင် မရောက်တာကြာနေပီ "...ဒါနဲ့သူတို့နှစ်ယောက် beachကိုကားမောင်းထွက်ခဲ့ကြသည်...သူအရမ်းပျော်နေသည် သူသိပ်ချစ်ရတဲ့သူနဲ့တူတူရှိနေရ၍ဖြစ်သည်...ကားပြတင်းနားမှာ မေးစေ့လေးတင်ရင်းသူအပြင်ဖက်ကိုငေးနေမိသည် အရာအားလုံးကလှနေသည်...

kook's pov:
သူတို့နှစ်ယောက်beachရောက်တော့taeက ကလေးတစ်ယောက်လိုပြေးဆော့သည်...သူလည်းtaeနောက်လိုက်ပြီးနှစ်ယောက်သားရေဆော့ကြသည်...တစ်နေကုန်beachမှာအချိန်ဖြုန်ပြီးညနေမှtaeအိမ်ကိုပြန်ကြသည်...သူtaeနဲ့အဲ့လိုနေရတာအရမ်းပျော်သည် taeကိုကြည့်ရတာသူ့လိုပဲပျော်နေသည်...ပြန်ရောက်တော့ညနေစာစားကြပြီးTvကြည့်ကြသည် ပြီးတော့တူတူအိပ်ကြသည်...နောက်တစ်နေ့လည်းသူတို့ပန်းခြံသွားလိုက် ရုပ်ရှင်သွားကြည့်လိုက်နှင့်အချိန်ဖြုန်းကြသည်...သူတို့အတွက်အရမ်းသာယာတဲ့ နှစ်ယောက်တည်းကမ္ဘာလေးတစ်ခုပင် သို့သော်သူတို့ကမ္ဘာလေးကိုတစ်ယောက်ယောက်ကတွေ့သွားပြီး ဖျက်ဆီးဖို့ကြံစည်နေသည်ကိုသူမသိခဲ့...
monday သူနှင့်taeကျောင်းသွားပြီး ကျောင်းဆင်းတော့taeကိုလိုက်ပို့သည် နောက်ပြီးသူအိမ်ပြန်သည်...အိမ်ရောက်တော့ သူ့ommaနဲ့appaကမျက်နှာထားတင်းတင်းနဲ့စောင့်နေသည်ဘေးမှာကso jin..." jeon jung kook! မင်းကငါ့ကိုသိက္ခာချနေတာလား ဟမ်? " သူ့appaရဲ့တင်းမာခက်ထန်တဲ့အသံကြီးသူကြားလိုက်သည်..." ဟင် appa သားဘာလုပ်လို့လဲ? " ဆိုတော့ " မင်းဟို kim tae hyungဆိုတဲ့ကောင်လေးနဲ့တွဲနေတာငါတို့ကို so jinပြောပြလို့သိပြီးပြီကွ " လို့သူ့appaကအော်ငေါက်သည်..." so jinအကျင့်မကောင်းတဲ့ဟာမ ငါတို့ကိုချွန်တွန်းလုပ်ထားတယ် " လို့သူစိတ်ထဲကကျိန်ဆဲရင်း " အဲ့ဒါက appa " သူပြောမလို့လုပ်တုန်း " တော်စမ်း! မင်းဘာမှထပ်မပြောနဲ့ မင်းငါတို့ပြောတဲ့အတိုင်းလုပ်ရမယ် အေး...ဒီတပတ်စနေနေ့မင်း so jinနဲ့လက်ထပ်ရမယ် ဒါပဲ! " သူ့appaစကားကြားတာသူ့ငယ်ထိပ်ပေါ်မိုးကြိုးပစ်ချလိုက်သလိုပင်... " မဟုတ်သေးဘူးလေ appa! " သူပြောဖို့ကြိုးစားတော့ " သားommaတို့ပြောသလိုပဲလုပ်ရမယ် " လို့သူ့ommaကဝင်ပြောသည်... " မင်းဘာမှမပြောနဲ့ အခုကစပြီးမင်းဖုန်းကိုသိမ်းမယ် ပြီးတော့စနေနေ့မရောက်မချင်းမင်းအပြင်မထွက်ရဘူး ဒါငါ့အမိန့် " သူ့appaရဲ့အမိန့်ကိုသူမလွန်ဆန်နိုင်ပါ ဒါနဲ့ပဲသူအခန်းထဲမှာပိတ်ထားခံရသည်...ဒီအချိန်မှာသူ့ကိုယ်သူစိတ်မပူပါ သူtaeကိုပဲစိတ်ပူသည် taeသူ့ကိုစိုးရိမ်နေမှာtaeကိုပြောပြဖို့တောင်သူအချိန်မရလိုက်ခဲ့..." ဟင်း " သူသက်ပြင်းရှည်ကြီးချရင်း သူ့အခန်းနံရံကိုထိုးလိုက်သည် လက်မှာနာတဲ့ဒဏ်ရာထက်နှလုံးထဲမှာပိုနာသည်..." tae ငါဘယ်လိုလုပ်ရမလဲ? "...

I need u ( BTS - Vkook)Where stories live. Discover now