Episode 2.(I need u)

1.2K 78 0
                                    

tae's pov:
Kookကမလိုက်မီတဲ့စာတွေကိုသူ့ဆီကကူးနေသည် သူလည်းတတ်သလောက်ပြန်ရှင်းပြရင်းသူနဲ့kookတော်တော်ရင်းနှီးသွားသည်...နေ့လည်နားချိန်မှာလည်း ထမင်းတူတူသွားစားဖြစ်သည်...သူအရမ်းပျော်ပါသည် သူ့အပေါ်အဲ့လိုခင်တဲ့သူငယ်ချင်းမရှိတာအထက်တန်းကျောင်းစတက်ကတည်းကပင်...အဲ့ဒါကြောင့်လည်းသူ kookအပေါ်ပိုခင်တွယ်သွားမိသည်...ညနေကျောင်းဆင်းတော့လည်းသူတို့နှစ်ယောက်တူတူပြန်ဖြစ်သည် kookကသူ့ကိုအိမ်အထိလိုက်ပို့ပေးသွားသည်....ဘယ်လိုမှန်းမသိသူအရမ်းပျော်သည်... အိမ်ရောက်တော့ညနေစာစားပြီးသူ့အိပ်ရာပေါ်လှဲကာkookအကြောင်းတွေးရင်းသူပြုံးနေမိသည်...

kook's pov:
သူtaeကိုလိုက်ပို့ပေးပြီးအိမ်ပြန်တော့ So Jin ကသူ့အိမ်ရောက်နေသည်...အင်း park so jinကအခုသူပြောင်းလာတဲ့ကျောင်းကပဲဖြစ်သည် ပြီးတော့သူနဲ့ငယ်ငယ်ကတည်းကသူငယ်ချင်း မိဘချင်းကလည်းသဘောပင်တူထားသေးသည်...သူကတော့ so jinကိုဘယ်လိုမှစိတ်မဝင်စားပါ so jinကသူ့အတွက်ညီမလေးတစ်ယောက်လိုပဲဖြစ်သည်...so jinကတော်တော်ချောပြီးစာလည်းတော်သည့်မိန်းကလေးတစ်ယောက် ပြီးတော့ဂျမ်းထော်မ ကျောင်းမှာဆိုသိပ်ဆိုးသည်..." omma သားပြန်ရောက်ပြီ " လို့သူပြောရင်းသူ့အခန်းထဲဝင်မယ်လုပ်တော့..." ဟဲ့သား ဒီမှာso jinရောက်နေတယ်လေ သမီးကသားနဲ့စာတူတူလုပ်ဖို့တဲ့ " လို့အမေကပြောတော့ ဟိုမယ်မင်းကြီးမကစပ်ဖြီးဖြီးနဲ့သူ့ကိုကြည့်နေသည်...သူလည်း " အဝတ်လဲလိုက်ဦးမယ် omma " ဆိုပြီး အပေါ်ထပ်ကသူ့အခန်းထဲဝင်ပြီးအဝတ်လဲလိုက်သည် ပြီးတော့သူလည်းအောက်ထပ်ပြန်ဆင်းကာso jinနားသွားရသေးသည်...သူso jinဘေးမှာဝင်ထိုင်တော့ အမေကဟင်းချက်နေသည် so jinက " oppa မမီတဲ့စာတွေကူးပေးမယ်လေ မရတာရှိရင်လည်းပြောလေ " လို့ပြောရင်းသူ့လက်မောင်းကိုလာဖက်သည်..." အာ ရပြီ ငါအကုန်tae hyungနားကမေးပြီးပြီ သူနဲ့စာတူတူလုပ်လို့အဆင်ပြေတယ် " လို့သူပြောရင်းလက်ဖယ်လိုက်တော့ so jinက " ဟွန်း oppaမို့သူ့ကိုခင်နေ အတန်းထဲမှာသူ့ကိုပေါင်းတဲ့သူတောင်တစ်ယောက်မှမရှိဘူး "..." နင်တို့မခင်တိုင်းငါကရောသူ့ကိုမခင်ရဘူးလား ငါ့ဟာငါခင်ချင်တဲ့လူငါခင်မယ် သူကငါ့အပေါ်လည်းကောင်းတယ် ငါကတော့သူနဲ့ပေါင်းမှာပဲ " လို့သူခပ်ဆတ်ဆတ်ပြန်ပြောလိုက်သည် ဟုတ်တယ်လေ လူတစ်ယောက်ကိုဆင်းရဲတာချမ်းသာတာတွေနဲ့လိုက်တိုင်းနေတာသူမုန်းသည်..." အင်းပါ oppaသဘောပါ oppaစာမေးစရာမရှိရင်လည်းပြန်တော့မယ် " so jinကအောင့်သက်သက်နဲ့ပြောပြီးပြန်သွားသည်...ဒီတော့မှသူလည်းလွတ်လပ်ရေးရတော့သည် သူ့အခန်းထဲပြန်ဝင်ရင်းအိပ်ယာပေါ်လဲလိုက်သည်...ဒီနေ့မှရခဲ့သည့်သူ့သူငယ်ချင်းအသစ်လေးကိုပြန်တွေးမိသည် တော်တော်တော့ချစ်ဖို့ကောင်းသား အဟား...နောက်တော့သူလည်းဟိုတွေးဒီတွေးနဲ့ညနေစာတောင်မစားဘဲအိပ်ပျော်သွားသည်...

tae's pov:
ဒီနေ့တော့သူမနက်စောစောနိုးနေသည်မို့ထကာ ကျောင်းသွားဖို့ပြင်ဆင်နေသည်...သူအခန်းထဲကထွက်လာပြီးသူ့အမလုပ်ထားပေးသည့်မနက်စာကိုစားလိုက်သည် ပြီးတော့သူ့အမကိုနှုတ်ဆက်ကာကျောင်းသွားဖို့ထွက်လိုက်တော့ " omo jung kook! " သူရေရွတ်လိုက်သည်...သူ့အိမ်ရှေ့မှာ kook တစ်ယောက်ကားအနီရောင်လေးနဲ့ရောက်နေပြီးသူ့ကိုပြုံးပြနေသည်..." tae hyungie လာတက်လေ ကျောင်းတူတူသွားရအောင် " လို့kookကပြောရင်းသူ့အတွက်ကားတံခါးဖွင့်ပေးသည်...သူလည်းkookဘေးမှာဝင်ထိုင်လိုက်ပြီး " jung kookရယ်ရောက်နေတာကိုအိမ်ထဲမဝင်ဘဲနဲ့ အိမ်ရှေ့မှာစောင့်နေတာ အားနာစရာကြီး " လို့သူရေရွတ်တော့ " မဟုတ်ပါဘူးကွာ ငါလည်းခုမှရောက်တာပါ ဘာအားနာစရာလိုလို့လဲမင်းကငါ့သူငယ်ချင်းပဲ "ဆိုပြီးသူ့ကိုပြုံးပြသည်...သူအရမ်းပျော်ပါသည် သူ့ကိုပထမဆုံးအရမ်းခင်သည့်ချစ်စရာကောင်းသောကောင်လေးနဲ့သူကျောင်းတူတူသွားရသည်လေ...အမှန်အတိုင်းဝန်ခံရရင်သူkookကိုစိတ်ဝင်စားသည်...

I need u ( BTS - Vkook)Where stories live. Discover now