Episode 5. (I need u)

877 61 0
                                    

Episode 5.(I need u)

kook's pov:
နောက်တစ်နေ့မနက်နိုးတော့ သူလန်းဆန်းတက်ကြွနေသည်...ခပ်မြန်မြန်အဝတ်လဲပြီးကျောင်းစောစောသွားဖို့ထွက်လာသည်...taeကိုဝင်ခေါ်ရန်taeအိမ်ဖက်ကားဖြင့်ထွက်လာခဲ့သည်...သို့သော်taeအိမ်ရောက်တော့taeရှိမနေ သူ့အမနဲ့သာတွေ့သည် taeကျောင်းသွားလိုက်ပြီတဲ့...ဟင် taeဘာဖြစ်နေပါလိမ့် သူ့ကိုဖုန်းတောင်မဆက်ဘူး taeအမကိုသူနှုတ်ဆက်ပြီးကားပေါ်တက်လိုက်သည်...သူကျောင်းဖက်ကိုကားမောင်းထွက်လိုက်ရင်း taeကိုဖုန်းခေါ်လိုက်သည်..." တူ........လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာမအားသေးပါသဖြင့် " ဆိုသောအမြင်ကပ်စရာအသံထွက်လာသည်..." အွန် ဘာလဲဟ? tae hyungငါ့ဖုန်းမကိုင်ဘဲချပစ်တယ် " သူမကျေမနပ်ရေရွတ်ရင်းကားပေါ်မှဆင်းကာကျောင်းထဲဝင်သွားလိုက်သည်...အတန်းထဲရောက်တော့ taeကသူ့ခုံပေါ်မှာမှောက်အိပ်နေသည် သူtaeကိုစဖို့တွေးရင်းပြေးသွားလိုက်သည်..." tae hyungie! ကျောင်းရောက်တာနဲ့အိပ်နေပီလားဟ " ဆိုပြီး taeဘေးမှာဝင်ထိုင်လိုက်တော့ taeခေါင်းလေးမော့လာသည်..." အင်း ဒီလိုပဲငါနေလို့မကောင်းလို့ပါဟ " taeပြန်ဖြေသည် " မင်းကလည်းငါ့ကိုတောင်မစောင့်ဘူး တစ်ယောက်တည်းကျောင်းလာတယ် ပီးတော့ဖုန်းလည်းမကိုင်ဘူး " လို့သူပြောတော့..." ဒီလိုပါပဲဟာ သိပ်နေမကောင်းလို့ " ဆိုပြီးtaeအခန်းပြင်ထွက်သွားသည်...သူလည်းကြောင်သွားပြီးtaeနောက်လိုက်သွားတော့ taeခေါင်မိုးထပ်မှာသွားထိုင်နေသည်...ဒါနဲ့သူလည်းအတန်းထဲပြန်ဝင်လာပြီးသူ့နေရာမှထိုင်နေရင်း " tae hyungထူးဆန်းနေတယ် သူ့ကိုကြည့်ရတာဖြူဖတ်ဖြူလျော်နဲ့မျက်လုံးတွေလည်းနီရဲနေတာပဲ " လို့သူတွေးမိသည်...taeကျောင်းတက်ခေါင်းလောင်းတီးပြီးမှဝင်လာသည်...သူtaeကိုကွက်ကြည့်ကွက်ကြည့်လုပ်ရင်း " tae hyung ဒီနေ့ငါ့ကိုရှောင်နေသလိုပဲ " လို့တွေးနေသည်...

tae's pov:
သူစာသင်ရတာစိတ်ကမပါ ဒီနေ့kook ha youngနဲ့ချိန်းထားသည်ဆိုတာကို ha youngပြောပြလို့သူသိထားသည်...ငိုချင်နေတဲ့စိတ်ကိုအနိုင်နိုင်ထိန်းရင်းစာပဲလိုက်ရေးနေသည်...kookကိုမကြည့်မိအောင်သူနေသည် ဒါတောင်မျက်ရည်စက်တွေကစာအုပ်ပေါ်ကျသေးသည်...kookကိုမြင်နေရလျှင်သူပိုခံစားရသည်..." ဟင်း... " သက်ပြင်းတစ်ချက်ရှိုက်ရင်း မငိုမိအောင်ထိန်းနေသည်...နေ့လည်အတန်းဆင်းတော့သူဆက်မထိန်းနိုင် အဲ့တော့သူခေါင်မိုးထပ်ပေါ်ပြေးတက်ရင်းငိုနေမိသည်...ခေါင်မိုးထပ်ကခုံတန်းလျားလေးဆီပြေးကာ အောက်မှာထိုင်ချလိုက်ရင်းသူ့ရင်ဘတ်ကိုဖိထားမိသည် သူ့နှလုံးသားထဲကတဆစ်ဆစ်နာကျင်နေသည်..." အား...ငါ့ကိုပဲသတ်ပစ်လိုက်ပါတော့လား " ရင်ဘတ်ရဲ့လက်ယာဖက်ကစူးစူးဝါးဝါးနာကျင်မှုကိုခံစားရင်း မျက်ရည်စက်တွေသူ့ပါးပြင်ထက်မှာဆက်တိုက်စီးကျနေသည်...ဒီလိုနာကျင်မှုမျိုးသူတစ်ခါမှမခံစားဖူးခဲ့ သူငိုလို့ဝတော့အတန်းထဲပြန်သွားကာ လွယ်အိတ်ယူပြီးအိမ်ပြန်ရန်ထွက်လာခဲ့သည်...စာသင်ချင်စိတ်လည်းမရှိတော့အိမ်ပြန်ပြီး ခေါင်းအုံးဖက်ကာငိုကြွေးချင်စိတ်သာရှိတော့သည် သူ့ခံစားချက်တွေကိုkookသိအောင်လည်းမကြိုးစားချင်တော့ ချစ်မိတဲ့သူသာအပြစ်ရှိသည်...

I need u ( BTS - Vkook)Where stories live. Discover now