## သို့..
ချစ်ရပါသောChanyeol.....
ကိုယ် မင်းကိုချစ်ပါတယ်..
ပုံ..
Wu Yifan..XD #
"ဟာ.....ဘာကြီးလဲ..ပေါကြောင်ကြောင်နဲ့.."
"မကောင်းဘူး...ရယ်စရာကြီးဖြစ်နေမယ်.."
Wu Yifan သူရေးထားသောရည်စားစာကိုလက်ထဲမှာလုံးချေပီး ကြမ်းပြင်ပေါ်သို့လွှတ်ပစ်လိုက်သည်...
သူ့စာကြည့်စားပွဲဘေးနားက ကြမ်းခင်းမှာလည်း လုံးချေထားတဲ့စက္ကူအလုံးအဆုပ်တွေဆိုတာ ဟိုတခု ဒီတခု ရှုပ်ပွနေသည်...
ထိုစက္ကူစတွေလည်း သူမရှင်းအားသေး...စိတ်အစဉ်က ရည်းစားစာရေးဖို့ကိုသာတွန်းအားပေးနေသည်လေ...
သူ နောက်ထပ်စာရွက်တရွက်ထပ်ယူလိုက်ရင်း မျက်မှန်ကိုလက်နဲ့ပင့်တင်ကာ ချရေးရမယ့် ချစ်စကားချိုချိုလေးများကိုစဉ်းစားနေလိုက်သည်...
ဘယ်လိုစာမျိုးရေးရင် သူ့ကို Chanyeolကကြွေသွားမလဲ...
တော်ကြာ ပေါက်ကရစာတွေလျှောက်ရေးလို့ သူ့ကိုChanyeolက စိတ်ဆိုးသွားရင်ဒုက္ခ..
ချစ်သူအဆင့်ထိမတက်လှမ်းနိုင်သေးခင် သူငယ်ချင်းအဆင့်အောက်ပါ ပြုတ်ကျသွားမှဖြင့် သူရင်ကျိုးရချည်ရဲ့....ထိုသို့သော အတွေးတွေ စုံနေအောင်လျှောက်စဉ်းစားနေရင်း စာတွေချရေးလိုက် မကြိုက်ရင်လွှတ်ပစ်လိုက်နှင့်ပင် အချိန်ကုန်နေသည်...
စကားလုံးလှလှစဉ်းစားနေသည်မှာ အချိန်အတန်ကြာလှပီ..
သူ့ခေါင်းထဲမှာ အကြံဥာဏ်ထွက်မထွက်တော့မသိ...
သူ့အကျင့်အတိုင်း တခုခုစဉ်းစားရင် ဘောပင်အဖုံးကိုကိုက်ပီးစဉ်းစားနေသည်မှာ ဘောပင်အဖုံးတော့ ရစရာမရှိအောင်ပိန်လိန်နေပီဖြစ်သည်.....နောက်ဆုံး သူတခုခုစဉ်းစား၍ရသွားပီထင်သည်...
ပန်းနုရောင်စာရွက်လေးပေါ်သို့ စကားလုံးတချို့ကိုရေးချလိုက်ပီး အသည်းပုံလေးတွေပါသော ပန်းနုရောင်စာအိတ်လေးထဲသို့ထည့်ထားလိုက်သည်....
မနက်မိုးလင်းလို့ ကျောင်းသွားရင် သူပေးမယ့်ရည်းစားစာလေးကို Chanyeolကကြည်ကြည်ဖြူဖြူနဲ့လက်ခံပေးပါစေဟု တောင်းဆုပြုရင်း အိပ်ရာဝင်ခဲ့သည်....
အိပ်ပျော်သွားတော့ သူအိပ်မက်မက်သည်...
ရည်းစားစာကို စိတ်စွဲ၍လားမသိ...
အိပ်မက်ထဲမှာ သူChanyeolကိုရည်းစားစာလိုက်ပေးနေသည်တဲ့...သို့သော် Chanyeolကသူ့ရည်းစားစာကိုဆုတ်ဖြဲပစ်ကာ ပါးရိုက်လိုက်သည်တဲ့လေ....
"ဖြောင်း"ဆိုသောလက်ဝါးသံနှင့်အတူ ထိတ်လန့်စွာလန့်နိုးလာခဲ့သည်...
"အိမ်မက်ကြီးကလည်းကွာ...မကောင်းလိုက်တာ..."
သူ မကျေမနပ်ရေရွတ်ရင်း ပြန်အိပ်ဖို့ကြိုးစားပါသော်လည်း အိပ်မပျော်တော့ပါ..
မနက်ဖြန်အတွက် တွေ့ကြုံရင်ဆိုင်ရမယ့် အခြေအနေတခုအတွက် ကြိုတင်ရင်ခုန်နေရင်း မိုးစင်စင်လင်းခဲ့ရသည်....Tbc......
