^^အိပ်ရာပေါ်ကနေ ကျမထဖို့ကြိုးစားလိုက်တိုင်း လိုက်တိုင်း ...ခါးအောက်ပိုင်းက နာနာကျင်ကျင် ခံစားမှုကို ကျမ ဆိုးဆိုးဝါးဝါးခံစားနေရတယ်. လက်မောင်းတွေမှာ ခါးပတ်ရာတွေ ဗလပွ...ပြီးတော့ ကျမရဲ့ရင်သားတွေ ...အထိမခံနိုင်လောက်အောင်.နာကျင် ယောင်ကိုင်းနေခဲ့တယ်. ကျမဒီပုံစံနဲ့ ညမောင့်ရဲ့ အနှိပ်အစက်ကိုခံနိုင်မှာမဟုတ်ဘူး...ကျမ ဒီနေ့ အတွင်း နာကျင်နေတဲ့ဒဏ်ရာတွေကို ပျောက်အောင်လုပ်ရမယ်...ဒါမှ ညရောက်ရင် မောင့်ရဲ့ ခါးသီးတဲ့စကားလုံးတွေနဲ့ နှိပ်စက်မှု ဒဏ်ကိုခံနိုင်ရည်ရှိမှာ...^^
^^ကျမတို့ အိမ်ထောင်ကျ တာတစ်နှစ်ပြည့်တော့မယ်.ညတိုင်းမောင်က ဒီလိုဘဲ ဆက်ဆံခဲ့တာ...ဒီစကားတွေဘဲ ကျက်ထားသလို အကြိမ်ကြိမ် ဆိုခဲ့တာ.သူစကားပြောတိုင်း Lili ပါခဲ့တယ်. ဝန်ခံပါတယ် Liliသေခဲ့တာ ကျမကြောင့်ပါ ဒါပေမယ့် တမင်တကာလုပ်ခဲ့တာမဟုတ်ပါဘူး...မောင် liliနဲ့ကျမ ကကျောင်းနေဖက်တွေ ..ကျမက မောင့်ကို Liliထက်အရင်စတွေ့ပြီး အရင်ချစ်ခဲ့တာ..ဒါပေမယ့် ကံတရားက အရာရာပြည့်စုံနေတဲ့ ကျမအပေါ် အချစ် တစ်ခုကိုတော့ မပြည့်စုံအောင် ဖန်တီးခဲ့တယ်...မောင်နဲ့Liliချစ်သူတွေတဲ့..အဲ့နေ့က ကျမ ဘဝတစ်ခုလုံးပျက်သလိုဘဲ.ဒါပေမယ့် Liliက ကျမရဲ့ အချစ်ဆုံးသူငယ်ချင်း..မောင်က ကျမ တစ်ဘဝလုံးလောက်ချစ်တဲ့သူ...ကျမချစ်တဲ့သူနှစ်ယောက်ပျော်တယ်တဲ့....ကျမလည်းပျော်ရမှာပေါ့....ကျမမောင့်ကို စွန့်လွှတ်ဖို့ကြိုး စားပေမယ့်..ကျမ မောင့်ကိုချစ်နေတဲ့အကြောင်းမောင်သိသွားတယ်.ဒါပေမယ့် . သူက liliနဲ့ဘဲ လက်ထက်မှာတဲ့...အချိန်တွေကြာလာရင်း နဲ့ မောင်ကမိဘတွေရဲ့ဖိနပ် ကုမ္ပဏီ ကိုဆက်ခံရတယ်...ကျမက ဒီဇိုင်းနာတစ်ယောက်အနေနဲ့ မောင့်ရဲ့ အနီးဆုံးနားမှာ နေခဲ့တယ်..liliနဲ့မောင့်ရဲ့သံယောဇဉ်က ပိုခိုင်မာလာတယ်....ကျမက မောင့်ရဲ့အဝေးဆုံးကို တဖြေးဖြေးရောက်လာတယ်....မောင်တို့လက်ထပ်တော့မယ်တဲ့.....ကျောင်းတည်းက သီချင်းဆိုကောင်းတဲ့ ကျမကို မောင်က မင်္ဂလာ သီချင်းဆိုပေးဖို့တောင်းဆိုတယ်.ကျမလက်ခံလိုက်တယ်..liliက သူအိမ်ထောင်မပြု ခင် ကျမနဲ့ လှေစီးချင်တယ်တဲ့....ကျမတို့လှေစီးကြတယ်..liliကကြောက်တတ်တဲ့သူမို့ ကျမ လှေမှောက်လိုက်မယ်ဆိုပြီး လှေကိုလှုပ်လှုပ်ပြီး liliကိုစခဲ့တယ်.......ဒါ....ဒါပေမယ့်.. ..လှေက မှောက်သွားတယ်...liliရေနစ်သွားတယ်....ကျမကယ်ချင်တာပေါ့...ကျမ အချစ်ဆုံးသူငယ်ချင်းဘဲ ....ဒါပေမယ့် ကျမရေမကူးတတ်ခဲ့ဘူး..ကျမကတော့ လှေကိုဖက်တွယ်ပြီး ကံကောင်းစွာ အသက်ရှင်ခဲ့ပေမယ့် liliကတော့..........အဲ့နေ့ကစပြီး မောင်ဟာ ကျမအပေါ် သူစိမ်းဆန်လာတယ်...ခပ်ခွာခွာနေလာတယ်...တခါတလေ...ရွံ ရွံ မုန်း မုန်းနဲ့ အကြည့်တွေပေးလာတယ်.ဒါပေမယ့်.. .ကျမ မောင့်ကို ရအောင်ယူခဲ့တယ်.....မောင်က ကျမရဲ့ ခင်ပွန်းဖြစ်နေတာနဲ့တင် ကျမပျော်ဒယ်....^^
