ကလင်~~~~~~~~~~~~
စူးခနဲ နားဘေးက မြည်သည့် Alarm ကြောင့် ဆတ်ခနဲ ထထိုင်လိုက်မိတယ်။
၎ နာရီခွဲ
မျက်နှာ ခပ်သွက်သွက် သစ်ပြီး ပျင်းကြောတောင် မဆွဲနိုင်ဘဲ
ကျွန်တော် မြေအောက်ခန်းကလေးကနေ အိမ်ပေါ်ကို တက်လိုက်ပြီး မီးဖိုချောင်ဆီ လျှောက်သွားလိုက်တယ်။ရေခဲသေတ္တာမှာ ကပ်ထားတာက ဟင်းပေါင်း မြောက်မြားစွာ။
ဒါတွေအကုန်ကို ကျွန်တော် မနက် ၈ နာရီအမှီချက်ပေးရမှာပါ။
သူတို့ မနက်စာစားချိန် အဆင်သင့် ဖြစ်အောင်လို့။
သူတို့ဆိုတာ
ကျွန်တော့် ဦးလေး နဲ့ သူ့ဇနီး ပြီးတော့ သူတို့ သားလေး။
ကျွန်တော့်ထက် ၁ နှစ်လောက်ငယ်တဲ့ ညီဝမ်းကွဲလေးပေါ့ဗျာ။
ကျွန်တော်က သူတို့ ၃ ယောက်နဲ့ အတူတူနေတယ်လေ။
ဖေဖေနဲ့ မေမေဆုံးသွားပြီးကတည်းက သူတို့ မိသားစုက ကျွန်တော့်ကို မွေးစားခဲ့ကြတာ အခုဆိုရင် ၁၇ နှစ်တောင်ကြာခဲ့ပြီ။
ကျွန်တော် ဟင်းချက်နေရင်း ဧည့်ခန်းထဲက အသံတွေကြားရတယ်။ သူတို့ မိသားစု နိုးနေပြီ ထင်ပါရဲ့။
ကျွန်တော် စားပွဲပေါ်မှာ အကုန်ပြင်ဆင်ပြီးတော့ သူတို့ ဝင်လာကြတယ်။
" Wu Yi Fan ငါ့ဖိနပ်သွားတိုက်ထား"
ကျွန်တော့်ညီလေးက အမိန့်ပေးလိုက်တာပါ။
Hak။
ကျွန်တော်ကသာ ညီလေးလို သဘောထားတာပါ။ သူကတော့ ကျွန်တော့်ကို ကျွန်သာသာ သဘောထားတယ်လေ။
" Chanyeol'a ထမင်းစားပါစေဦး တော်ကြာ နေမကောင်းမှ ဆေးဖိုးကုန်နေဦးမယ်"
အဒေါ်က ဖိနပ်တိုက်ခိုင်းတဲ့ Chanyeol ကို လှမ်းဟန့်လိုက်ပေမယ့် သဘောကောင်းလို့တော့ မဟုတ်ဘူး။
ဆေးဖိုးကုန်မှာ စိုးလို့လေ။
ဦးလေးကတော့ ဘာမှ ဝင်မပြော။
သူတို့ပြောတာ ကျွန်တော်က ဂြိုလ်ဆိုးတဲ့။
ကျွန်တော့်ကို မုန်တိုင်း တိုက်တဲ့ နေ့မှာ မွေးတာတဲ့။