" Yi Fan ဘာရပ်လုပ်နေတာလဲ သွားမယ်လေ"
အရှေ့မှ Sehun က လှမ်းခေါ်တော့မှ ကျွန်တော် ရှေ့ကဆိုင်မှ နဂါးရုပ်ပုံ ဆွဲကြိုးလေးကို ကြည့်နေရာမှ အသိပြန်ဝင်လာခဲ့တယ်။
" အော် လာပြီ"
အဲဒီ နဂါးအရုပ်ဆွဲကြိုးလေးက Chanyeol မှာ ရှိတဲ့ ဇာမဏီဆွဲကြိုးလေးနဲ့ ခပ်ဆင်ဆင်တူတယ်။
ပုံစံဘဲ ကွဲနေတာ။
မနက်ဖြန်သူ့မွေးနေ့ဖြစ်သည်မို့ ကျွန်တော် မွေးနေ့လက်ဆောင်လေးတစ်ခုခုတော့ ပေးချင်သား။
သူ ဟိုတစ်ခေါက်က Unicron တောင်းတုန်းက မပေးဖြစ်တာကိုလည်း စိတ်မကောင်းလည်း ဖြစ်လို့ ကျွန်တော် အဲဒီဆွဲကြိုးလေးပေးဖို့ ဆုံးဖြတ်လိုက်မိတယ်။
သူ ယူသည်ဖြစ်စေ မယူသည်ဖြစ်စေ။
" Sehun'a သွားနှင့်တော့ ငါဝင်စရာရှိလို့"
" ဘယ်လဲ လိုက်ခဲ့ပေးရမလား?"
" ရတယ် ငါဘာသာဘဲ သွားလိုက်မယ် တာ့တာ"
" အင်း အာ့ဆိုလည်း တာ့တာ"
သူပြောကာ နှုတ်ဆက်ပြီး ထွက်သွားလေတယ်။
သူနဲ့ ကျွန်တော်လည်း ဒီရက်ပိုင်း တော်တော်လေးကို အဆင်ပြေလာတယ်လို့ ပြောရမလား?
ဒီ ကျွန်တော့်မွေးနေ့နဲ့ Chanyeol မွေးနေ့ကြား ၂၁ ရက်ကြာတဲ့ အချိန်ပိုင်းလေးအတွင်းပေါ့။
တကယ်က ကျွန်တော် အရဲစွန့်ပြီး ခြေတစ်လှမ်းတိုးကြည့်မိတာပါ။
ကျွန်တော်လိုကောင်လည်း မိုက်ရူးရဲဆန်ပြီး သူငယ်ချင်းလိုချင်မိလို့။
ကျွန်တော့် ကံကြမ္မာကိုလည်း ပြောင်းလဲလို့ ရမယ်လို့ ယုံကြည်မိလို့။
အခုထိတော့ Sehun ဆီကိုရော ကျွန်တော့်ဆီကိုရော ဘယ်လို အနှောက်အယှက်မှဝင်မလာသေးပါဘူး။
အနှောက်အယှက် ဝင်လာမယ်လို့ ထင်နေတဲ့ ကျွန်တော်ကဘဲ အစွဲကြီး အယူကြီးလွန်းနေတာလား?
ကျွန်တော်လည်း ထွက်သွားသည့် Sehun နောက်ကျော လမ်းချိုးတစ်ခုကို ကွေ့သွားတော့မှ ကျွန်တော်ပြန်လှည့်ကာ ခုနက ဆိုင်ကို ပြန်သွားလိုက်မိတယ်။