" ကလေး! ဖေဖေ သား... သားကလေးရော "
ဆေးရုံ ရဲ့ ကုတင်ထက်မှာ နွမ်းလျစွာ နိုးထလာသည်...။ မျက်လုံးတို့ ပွင့်သည်နှင့် ရွတ်ဆိုမိတာ ကလေး...။ မျက်ရည်ကြည်တို့ ရစ်ဝိုင်းလို နေသည်...။
" ကလေး နေကောင်းတယ်မလား ကိုယ်လက် အဂါၤ အစုံပါလား ဟင်??? ဖေဖေ "
မျက်လုံးတို့က အားကိုးတကြီးနဲ့ ဖခင်ဖြစ်သူကို ငေးကြည့်နေသည်...။
သဲ့သဲ့ ချတဲ့ သက်ပြင်းသံ ကို ကြားရတော့ မျက်နှာလွဲရင်း တစ်ယောက်တည်း နှုတ်မှ ကလေး ကလေး လို့ ရေရွတ် နေမိသည်...။
" သား...."
ဖခင်ဖြစ်သူ အသံကြောင့် ဖခင့်ကို ကြောင်တောင်တောင် ပြန်ကြည့်နေသည်...။
မသိစိတ်က တစ်ခုခုကို သိနေသလို သိစိတ်က ထိုအရာကို မသိကျေးကျွန် ပြုထားသည်...။
" အနားယူလိုက်ပါဦး ပင်ပန်းနေမှာပေါ့ "
"ဟင့်အင်း သား... သား ကလေးလေး ကိုတွေ့ချင်တယ် သား ကလေး ကလေးကို ခေါ်ပေး "
မျက်ရည်တို့က တသွင်းသွင်း စီးကျနေသည်...။ စိတ်ထဲလည်း အကြိမ်ကြိမ် တောင်းဆုပြုနေမိသည်...။ ကလေး ကလေးလေး ဘာမှမဖြစ်ဖို့...။
" သား.... ကလေးက ..... မြေးလေးက...မရှိတော့ဘူးသား အဖတ်မတင်ခဲ့ဘူးသား..."
အရာရာကို ဥပေက္ခာပြု သေန္ဓသား ဆိုတဲ့အရာ ။ ချစ်ရသူရဲ့ ကိုယ်ပွား.... အိုး ဒီကလေးက အသက်မရှင်ဘူးတဲ့လား လောကကြီးရယ်...။
" ဖေဖေ မလိမ်ပါနဲ့ သား..... "
သတိလစ်သွားတော့သည်...။ သွေးနုသားနုနဲ့ ကလေးမွေးမွေးပြီးချင်း သတိရလာတော့ ကလေးက အဖတ်မတင်ဘူးဆိုတဲ့ သတင်းက ကိုယ်တိုင် ဝမ်းနဲ့ လွယ်မွေးခဲ့တဲ့ လူတိုင်း ခံစားမရအောင် နာကျင်ပါလိမ့်မယ်...။
သူ ထိုအရာတွေထက် ဆိုးလိမ့်မည်...။ သူသည် ယောကျာ်း တစ်ယောက် ဖြစ်ရက်နဲ့ ကလး မွေးခဲ့တာမို့...။
YOU ARE READING
White Ego
Fanfictionတစ်ချိန်က အချစ်က အခုတော့ အတ္တတစ်ခုဘဲ အဖြူရောင် အတ္တမှာ အချစ်တွေ ပါဝင်သေးရဲ့လား #와이트 자아 #YY