" ဒီနေ့တော့ ဒီလောက်ပါဘဲ "
Kris Company မှာ ဒီနေဘဲ အလုပ်ဝင်တာ ဒီနေ့ဘဲ အစည်းဝေး ခေါ်ခဲ့သည်.....။ သူရဲ့ အပိုင်းကို သေချာ ရှင်းလင်းစွာ သူသိဖို့လိုအပ်သည်....။
အခု သူ့လက်အောက်ငယ်သားတွေက မဆိုးပါ တတ်တတ်ကျွမ်းကျွမ်း ရှိလှသည်....။
အခု Product အသစ်တစ်ခု လည်းလုပ်နေသည်မို့ အစည်းအဝေးမှာ လူအကုန်မလာဖြစ်ခဲ့....။ တိတိကျကျ ပြောတာတော့ ( ၄ ) ယောက်လို့ပြောသည်....။
ဓာတ်လှေကား ပွင့်လာသည်မို့ Kris နှင့် သူ၏ အတွင်းရေးမှူး တို့ဝင်သွားသည်...။ ပိတ်ခါနည်းဆဲဆဲ ဓာတ်လှေကားရှေက ပုံရိပ်လေးတစ်ခု ဖြတ်သွားသည်....။
Kris သေချာတွေ့လိုက်ရသည်....။ သူသည် တစ်ချိန်က Wu Yifan ဆိုသော ကောင်လေးရဲ့ Park ChanYeol......
ကမ္ဘာကြီး က ကျယ်မှာပါ တောင်ကိုရီးယား က seoul ဆိုတဲ့ မြို့ကတော်တော် ကျဉ်းတဲ့ပုံပင်....။
ဝန်ထမ်းမဟုတ်လျှင် ဝင်ခွင့်မရှိတဲ့ Company မှာ ရှိနေတော့.....
❕❕❕❗❕❕❕
Kris တစ်ယောက် မူကြိုကျောင်းကို ထွက်လာခဲ့သည်....။ ကျောင်းရောက်တော့ ဆရာမဆီက စာရွက်စာတန်းတွေ Diver ကို သွားယူခိုင်းလိုက်ရင်း သူကတော့ ကားထဲမှာ မနေဘဲ မူကြို ကျောင်းကို လှည့်ပတ်ကြည့်ဖို့ ကားထဲက ထွက်လာခဲ့သည်....။ kris မူကြိုကျောင်းကို ကြည့်ရင်းနဲ့ မျက်ရည်တို့ ရစ်ဝဲလာခဲ့သည်....။
" ဦးဦး "
မူကြိုကျောင်းကို ငေးကြည့်နေတဲ့ သူ့ကို ကောင်မလေး တစ်ယောက်က ဘောင်းဘီ စ ဆွဲ၍လာခေါ်သည်.....။
" ဦးဦး သမီးလေးကို လာကြိုတာရား ဦးဦး ကအရမ်း ခန့်တာဘဲ EunBi ဖေဖေ ဖြစ်ရင်း သိပ်တောင်းမှာဘဲ "
ကလေးမလေးက ပြောချင်တာပြောနေသည်.....။ သူက မတ်တတ်ရပ်ရင်နဲ့ပင် ငုံ့ကြည့်နေမိသည်....။
YOU ARE READING
White Ego
Fanfictionတစ်ချိန်က အချစ်က အခုတော့ အတ္တတစ်ခုဘဲ အဖြူရောင် အတ္တမှာ အချစ်တွေ ပါဝင်သေးရဲ့လား #와이트 자아 #YY