" Pa pa EunBi ကို ရေထဲမုန့် ဝယ်ကျွေး "
" ဟာ EunBi မကျွေးဘူး Appa ဘာပြောထားလဲ အဲ့ဒါတွေ များများ စားရင် ချောင်းဆိုးလိမ့်မယ် "
" တိတယ် ဒါပေမဲ့ EunBi ကြိုက်တယ်ရေ "
" Park EunBi !!! "
" ရပါပြီ ရပါပြီ အော်ပါနဲ့ မစားဘု ဟွန့် > < "
ChanYeol သမီးလေးကို မူကြိုကနေ ကြိုပြီပြန်လာနေချင်းဖြစ်သည်....။ လမ်းမှာ ရေခဲမုန့် စားဖို့ပြောနေတဲ့ သမီးလေးကို အော်ရသေးသည်....။
အေးရတဲ့ အထဲ ချောင်းလည်းဆိုးနေတာ တော်တော် ရေခဲ့မုန့်ကြိုက်သည်....။ သူဘယ်လောက်ကြိုက်ကြိုက် ChanYeol က မစားနဲ့ပြောရင် မစားတော့ပေ....။
ပြန်မလာချင်တော့တဲ့ Seoul မြို့ကို ChanYeol မရောက်ဖြစ်တာ ( ၂ ) နှစ်ခွဲရှိပြီ အခုပြန်ရောက်နေတာ ( ၁ ) နှစ်.... Company မှာ ရာထူးတတ်လို့ Seoul ကို ရွှေ့ပြောင်းခဲ့ရခြင်ဖြစ်သည်...။
သမီးလေး EunBi ပင် ( ၄ ) နှစ်ပြည့်တော့မည်....။
🍦🍦🍦🍧🍦🍦🍦
ပြန်ရောက်ခဲ့ပြီ ဤနေရာကို မုန်းစရာ နာကြည်း စရာတွေ တမ်းတ လွမ်းဆွတ်မှုတွေ အပြည့်နဲ့ ဒီနေရာ ။
အားလုံး အားလုံး သူ မေ့ခဲ့ပြီ ထင်သည်...။
( ၄ ) နှစ် အင်းတိတိကျကျ ဆို ( ၃ ) နှစ်ခွဲ ကိုရီးယား နိုင်ငံကြီးကို စွန့်ခွာခဲ့တာ.... အခု ဖေဖေ ကပြန်လာစေချင်ေနလို့ Canada ကပြန်လာခဲ့တာ.....။
လေယာဉ်ပေါ်က ဆင်း၍ ဤမြေကို ခြေချမိသည့်နှင့် ရင်ထဲ စို့တက်လာသည်...။ ရစ်ဝဲလာတဲ့ မျက်ရည်တွေကို ဥပေက္ခာပြုရင်း ဖူးနေတဲ့ နှုတ်ခမ်း ကို တစ်ချက်မဲ့လိုက်သည်....။
All Black နဲ့ သူဟာ အလွန်းခန့်၍ သန့်နေသည်....။ ဆံပင် တွေကိုလည်း အားလုံး လှန်တင်ထားသည်....။ စူးရှတဲ့ မျက်ဝန် နက်နက်တွေကို မမြင်ရပေ မျက်မှန် အနက်တို့က နေရာယူနေသည်....။
YOU ARE READING
White Ego
Fanfictionတစ်ချိန်က အချစ်က အခုတော့ အတ္တတစ်ခုဘဲ အဖြူရောင် အတ္တမှာ အချစ်တွေ ပါဝင်သေးရဲ့လား #와이트 자아 #YY