#Unicode
Taehyung;ကျွန်တော်ညက bar မှာ
မူးပြီးမှောက်သွားသည့်အတွက်
အိမ်မပြန်ဖြစ်လိုက်။
ကားကိုပင် မမောင်းနိုင်တော့သည့်
ကျွန်တော့်ကို Suga hyung က
သူ့အိမ်ကိုသာ ခေါ်လာခဲ့သည်။
ကား ကိုလည်း bar တွင်သာ
အပ်ထားခဲ့ရသည်။Minnie ဆီကိုတော့ Hyung တို့
ph ဆက်ကာ အကြောင်းကြားထားသည်ဟု
ကျွန်တော့်ကိုပြောသည်။Taehyung;''Ahh ခေါင်းကိုက်လိုက်တာ''
ကျွန်တော်အိပ်ရာပေါ်တွင် ငုတ်တုတ်ထိုင်ကာ
ညည်းတွားလိုက်မိသည်။ထိုအချိန်တွင်
suga hyung သံပုရာရည်တစ်ခွက်
ကိုင်လာကာ ကျွန်တော့်ဆီလှမ်းပေးရင်း...Suga;''အာ့အရည်တွေ
ဒီလောက်မျိုထားမှတော့ ကိုက်မှာပေါ့''Taehyung;ကျွန်တော် suga hyung ကို
ဘာမှပြန်မပြောနိုင်။သံပုရာရည်ကိုသာ
အငမ်းမရ သောက်နေမိသည်။Taehyung;''Gomawo hyung
အခုမှပဲ နည်းနည်း သက်သာသွားတယ်''
''ဒါနဲ့ hyung ကျွန်တော့် car ရော?''Suga;''အောက်မှာရောက်နေပြီ ခုနကမှ
bar က manager လာပို့သွားတာ''Taehyung;''Arraso! Hyung
အာ့ဆို ကျွန်တော်ပြန်တော့မယ်''suga hyung ကျွန်တော့အပြောကို
ခေါင်းတစ်ချက်ဆတ်ပြရင်း
ရေချိုးခန်းထဲဝင်သွားလေသည်။
ကျွန်တော်လည်း car သော့ကောက်ဆွဲကာ
အိမ်ပြန်ရန်ထွက်လာခဲ့လိုက်သည်။Taehyung;ကျွန်တော် အိမ်သို့ရောက်သော်
် Minnie အိမ်မှာမရှိ။Jin omma ဆီသို့
သွားသည်ဟု Arjusshi ပြောစကားအရ
သိရသည်။ကျွန်တော့်မိန်းမ Minnie က
ကျွန်တော်နှင့်သာ အဆင်မပြေတာ
omma ကိုတော့ချစ်သည်ထင်သည်။
ကျွန်တော့် omma လည်းMinnieကို
ချွေးမတစ်ယောက် ဟု သဘောမထား။
သမီးရင်းလိုချစ်လေသည်။
မေတ္တာရောင်ပြန်ဟပ်သည်ဟုပင်
ဆိုရလေမည်။အာ့ဆို ကျွန်တော်ကိုရော Minnie
စိမ်းသက်နေတာ ကျွန်တော်ကပဲ Minnie
ကိုမချစ်လို့ပဲလား?ကျွန်တော်မသိ။အခုချိန်မှာ
အာ့ကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော့်ခေါင်းထဲမှာ
ဘာမှမရှိ။လက်ရှိ ကျွန်တော်လုပ်ချင်နေသော
ဆန္ဒတစ်ခုက Purple နှင့်တွေ့ချင်သည်။
ဖြစ်ချင်သောအရာကို ချက်ချင်းလုပ်လိုက်ရမှ
ှကျေနပ်သောကျွန်တော့်အဖို့ အတွေးတို့ပင်
မဆုံးသေး မနေ့က Purple ပေးခဲ့သော
ph no တစ်ခုကိုကောက်နှိပ်လိုက်ရင်း
ဆယ်ကျော်သက်တစ်ယောက်လို
ရင်ခုန်သံတွေမြန်လာလေသည်။
YOU ARE READING
#Unicode ချစ်ခြင်းဖြင့်တည်ဆောက်အပ်သော *COMPLETED* #Zawgyi ချစ်ခြင်းဖြင့်တည်ဆောက်
Fanfiction#Unicode ယောကျာ်းတစ်ယောက်ရဲ့စိတ်ကို လွှမ်းမိုးအနိုင်ယူဖို့ကြိုးစားရင်း ကျွန်မဘဝပေးအပ်ခဲ့ရတယ်။ Park Jimin အချစ်ဆိုတာ ဘာလဲ? ကျွန်တော်မသိဘူး။ ချစ်ခြင်း သံယောဇဉ် အနှောင်အဖွဲ့တွေကလူတစ်ယောက်ရဲ့ အောင်မြင်မှု့ကို နှောင့်နှေးစေတဲ့အရာလို့ပဲ ကျွန်တော်ယူဆတယ်။ ...