#Unicode
💏💏💏💏💏💏
သာမာန်ထက်အချမ်းပိုတဲ့ ဒီနှစ်
ဆောင်းရာသီ နံနက်ခင်းမှာ
ထူးခြားစွာ ကျွန်မနှလုံးသားလေးဟာ
နွေးထွေးလို့နေတယ်။ဘာကြောင့်လဲသိလား?
ဒီနေ့ဟာ သူမနှလုံးသားရဲ့အရှင်သခင်
ပြန်လာမယ့်နေ့!သူနဲ့တွေ့ရတော့မည်ဟုသော
ကြည်နူးစိတ်အဟုန်က
တစ်ကိုယ်လုံးကို လွှမ်းခြုံထားလေသည်။သူနဲ့ကျွန်မရဲ့ အိမ်ထောင်သက်
ခြောက်နှစ်!
သားနဲ့သမီး အသက်2နှစ်လောက်မှာပဲ
ပညာနဲ့ပတ်သက်ရင် လောဘကြီးတတ်သော
Taehyung တစ်ယောက် UKမှာ
3နှစ် ပညာတော်သင် ထပ်သွားခဲ့တယ်။မခွဲချင်ခဲ့သော်လည်း ချစ်ရသူရဲ့ဆန္ဒပေပဲမို့
ဒီ3နှစ်လုံး သူနဲ့သိပ်တူတဲ့သားလေးနဲ့
ကျွန်မနဲ့တူတဲ့သမီးလေးကို
ပြုစုပျိုးထောင်ခဲ့ရင်းသာ အလွမ်းတွေကို
မျိုသိပ်ခဲ့ရတယ်။ဒီနေ့က အမြွှာဖြစ်တဲ့သားနဲ့သမီးရဲ့
6နှစ်မြောက်မွေးနေ့ဖြစ်တဲ့အပြင်
Taehyung~
UKကနေပြန်လာမယ့်နေ့!မနက်ကတည်းက ခုချိန်အထိ
သားနဲ့သမီးရဲ့ Birthday party အတွက်
လိုအပ်တာတွေပြင်ဆင်နေရတာနဲပဲ
လေဆိပ်မှာTaehyungကို သွားကြိုဖို့
မလိုက်ဖြစ်ခဲ့ပေ။သူ စိတ်မကောင်းဖြစ်သွားမည်ကို
သိသော်လည်း အိမ်မှာက
ကျွန်မ မရှိလျှင် မဖြစ်တာမို့...At Incheon Airport>>>
လေယာဉ်ပေါ်မှာလိုက်ပါလာရင်း
မျှော်လင့်ထားသမျှ~
အတွေးမှန်သမျှ Airportရောက်ချိန်တွင်
အကုန်ကွယ်ပျောက်လျှက်...မျှော်လင့်ထားသည်က သားနဲ့သမီးနဲ့အတူ
ကျွန်တော်အလာကို စီးကြိုနေမယ့်
Minnieရဲ့မျက်နှာလေးကို
မြင်ခွင့်ရချင်ခဲ့တာ~ခုတော့ အိမ်သူသက်ထားက
ရက်စက်လိုက်ပုံများ 3နှစ်လောက်ခွဲခွါခဲ့ရသော
ယောကျာ်းဖြစ်သူပြန်အလာကို
လာတောင်မကြိုပေ!ဒီကတော့ လွမ်းခဲ့သမျှတွေကို
တွေ့တာနဲ့ အနမ်းနဲ့ချေဖျတ်မည်ဟု
အားတင်းလာခဲ့တာ!အလိုမကျမှု့များက သားနဲ့သမီးကို
မြင်လိုက်ရချိန်မှာ ကြက်ပျောက်ငှက်ပျောက်
ဖြစ်ကုန်လေသည်။
![](https://img.wattpad.com/cover/72886711-288-k685626.jpg)
YOU ARE READING
#Unicode ချစ်ခြင်းဖြင့်တည်ဆောက်အပ်သော *COMPLETED* #Zawgyi ချစ်ခြင်းဖြင့်တည်ဆောက်
Fanfiction#Unicode ယောကျာ်းတစ်ယောက်ရဲ့စိတ်ကို လွှမ်းမိုးအနိုင်ယူဖို့ကြိုးစားရင်း ကျွန်မဘဝပေးအပ်ခဲ့ရတယ်။ Park Jimin အချစ်ဆိုတာ ဘာလဲ? ကျွန်တော်မသိဘူး။ ချစ်ခြင်း သံယောဇဉ် အနှောင်အဖွဲ့တွေကလူတစ်ယောက်ရဲ့ အောင်မြင်မှု့ကို နှောင့်နှေးစေတဲ့အရာလို့ပဲ ကျွန်တော်ယူဆတယ်။ ...