#Unicode
Taehyung;ကျွန်တော်မနက်ကတည်းက
ဆေးရုံမှာ လူနာတွေကိုကြည့်ပေးနေရသည်။
နေ့လည်လောက်ရောက်တော့ အခြား
doctorတွေနှင့်dutyချိန်းပြီး အိမ်သို
့စောစောပြန်လာခဲ့လိုက်သည်။ဒီလိုအချိန် ကျွန်တော်အိမ်သို့တစ်ခါမှ
ပြန်မလာခဲ့ဖူးပါ။
ကျွန်တော်နဲ့Minnieလက်ထပ်ပြီးတဲ့
အချိန်ကစလို့ပေါ့။
ဒီနေ့တော့ ကျွန်တော်Minnieနှင့်
အေးဆေးစကားပြောခွင့်ရချင်သည်။
ထို့ကြောင့်လည်း အိမ်သို့စောစော
ပြန်လာခဲ့ခြင်းဖြစ်သည်။At Home...
Taehyung:ကျွန်တော် အိမ်သို့
ရောက်လျှင်ရောက်ချင်း Minnieရဲ့ကားကို
ရှာကြည့်မိသည်။ရှိသားပဲ။
Minnieအိမ်မှာရှိသည်ပေါ့။ကျွန်တော့်ကားကို
parkingထိုးပြီး အိမ်ထဲသို့ဝင်လာလိုက်သည်။Man;''သခင်လေး တစ်ခုခုမေ့နေခဲ့လို့
ပြန်လာယူတာလား?''Taehyung;''Arnyi!
ကျွန်တော် dutyချိန်းပြီးပြန်လာတာ နားချင်လို့''
''Minnie ရောရှိတယ်မို့လား?''Man;''သခင်မလေး မရှိဘူး သခင်လေးနဲ့ရှေ့ဆင့်နောက်ဆင့်လောက်ပဲဖြစ်မယ်
ထွက်သွားတာမကြာသေးဘူး ''Taehyung;''ကားလည်းရှိပါတယ်
ဘယ်သွားလဲ ပြောသွားလား?''Man;''အပြင်ခဏသွားမယ် လို့ပဲပြောသွားတာ ဘယ်သွားမယ်လို့တော့ ပြောမသွားဘူး သူ့chingu Bambamဆိုတဲ့
မိန်းကလေး လာခေါ်သွားတာ''Taehyung;Ajusshiရဲ့အဖြေကို
နားလည်ပြီဟူသော
သဘောနှင့်ခေါင်းတစ်ချက်ဆတ်ငြိမ့်ပြပြီး
အိမ်ပေါ်သို့ တက်လာခဲ့လိုက်သည်။
အခန်းထဲသို့ရောက်တော့ ခဏတစ်ဖြုတ်နား
ရေချိုးပြီးMinnieပြန်အလာကို
စာအုပ်ဖတ်ရင်းစောင့်နေလိုက်သည်။Taehyung:2နာရီလောက်ကြာတော့
ကျွန်တော်ပျင်းလာသည်။
အိမ်မှာညအိပ်ချိန်မှလွဲ၍ နေ့ခင်းဘက်
ဒီလိုအချိန်ကြာကြာ တစ်ခါမှမနေဘူးပါ။Minnieရော?
ကျွန်တော်ဆေးရုံတွင်ရှိနေချိန် သူမ
တစ်ယောက်တည်း အိမ်မှာ ဘာတွေများ
လုပ်နေသနည်း။ကျွန်တော်တွေးရင်း
ပြုံးမိသည်။အခု ကျွန်တော်Minnieအတွက်
စဉ်းစားပေးနေတာလား?
ဒါ ပထမဦးဆုံးအကြိမ် ဖြစ်မည်ထင်သည်! Minnieအတွက် ဒီလိုတွေးပေးဖူးတာ။
YOU ARE READING
#Unicode ချစ်ခြင်းဖြင့်တည်ဆောက်အပ်သော *COMPLETED* #Zawgyi ချစ်ခြင်းဖြင့်တည်ဆောက်
Fanfic#Unicode ယောကျာ်းတစ်ယောက်ရဲ့စိတ်ကို လွှမ်းမိုးအနိုင်ယူဖို့ကြိုးစားရင်း ကျွန်မဘဝပေးအပ်ခဲ့ရတယ်။ Park Jimin အချစ်ဆိုတာ ဘာလဲ? ကျွန်တော်မသိဘူး။ ချစ်ခြင်း သံယောဇဉ် အနှောင်အဖွဲ့တွေကလူတစ်ယောက်ရဲ့ အောင်မြင်မှု့ကို နှောင့်နှေးစေတဲ့အရာလို့ပဲ ကျွန်တော်ယူဆတယ်။ ...