I don't know??

796 79 14
                                    

Ep 6

သူ ခဏခဏ အကြိမ်ပေါင်းများစွာ အရသာခံပီး မေးတယ်…

'Taeyong ငါ့ကို ချစ်လား'

သူ ခဏခဏ အလိုမကျစွာ ပြန်နှုတ်လန်ထိုးတယ်…

'မေးလိုက်တိုင်း အင်း တစ်လုံးက လွဲပီး မဖြေတတ်ဘူးလား'

သူ ခဏခဏ မနှစ်မြို့ဟန်ပြတယ်…

'ပြောပြန်ပီ ဒီ အင်း '

တစ်ခေါက်လောက်လေး နှုတ်ခမ်းချင်း ထိပေးလိုက်ရုံနဲ့ ငမ်းငမ်းတက် စောင့်ထိန်းမှုလေးမှမရှိ ဖြစ်သွားခဲ့တာ ဘယ်သူလဲ

သူက သိပ်ကိုဒုံးဝေးလွန်းတယ် ထင်တယ်

မဟုတ်ဘူး ဟုတ်ကိုဟုတ်တယ်…

ကိုယ်ဘာဖြစ်နေမှန်းမသိသလို ကျတော် ဘာဆိုတာလည်း သူနည်းနည်းမှ စိတ်ဝင်စားမှုမရှိဘူး

ဘာမှန်းမသိတဲ့ ကျတော်တို့နှစ်ယောက်ကြားမှာ အချိန်ဟာ နှစ်လဆိုတဲ့ အတိုင်းအတာ ဖြစ်လာတယ်…

ချစ်တယ်ဆိုတာကို သက်ဆိုင်မှု မရှိတဲ့ ကာယကံရှင် နှစ်ယောက်ရဲ့ နှုတ်ကနေ ဘယ်တုန်းကမှ မထွက်ဆိုခဲ့ကြဘူး

သူ့ဘက်က ဘာဖြစ်ချင်မှန်းမသိ အမေးသက်သက်သာ ရှိခဲ့ပင်မယ့် ကျတော့်ဘက်က အမေးရော အဖြေပါ မရှိခဲ့ဘူး

အင်း လို့ ပြောတာကို အဖြေလို့ မြင်နေတာလား

အဲဒါ အဖြေမှ မဟုတ်တာဘဲ…

ကျတော် မသိလို့ သူ စိတ်ချမ်းသာအောင် နှုတ်ဖျားလေးကနေ ခပ်ပေါ့ပေါ့ ပြောခဲ့တာ

ကျတော် သူ့ကို စိတ်ချမ်းသာစေချင်တယ်…အမှန်ဘဲ… မုန်းတာက သက်သက်…

ကျတော့်ရင်ထဲမှာ သူ့အတွက် အကန့်တွေ ခွဲထားပါတယ်လေ…

သူ တခါတလေ စိတ်ပျော်ရွှင်နိုင်အောင်… အမြဲလည်း နာကျင်မှုဆိုတာကို မေ့မရနိုင်လောက်အောင်…

~~~~~

'ဒီတစ်ခေါက် excursion မင်းတို့လိုက်မှာလား'

'Doyoung ကလည်း… လိုက်မှာပေါ့ Taeyongရော လိုက်မယ်မလား ငါတို့နှစ်ယောက် အတူတူ အိပ်မယ်နော်'

'Jaehyun မင်းဟာ… နားရှက်စရာတွေ ဒါကြောင့် Taeyong က မင်းကို အမြင်ကပ်…'

I don't know??(Hiatus)Where stories live. Discover now