I don't know??

1K 107 5
                                    

Ep 3

#ကျတော် Yoonoh ကိုဘဲ သဘောကျတယ်

???????????

ကျောင်းပထမဆုံးနေ့ဟာ မြန်မြန်ဆန်ဆန်ဘဲ ကုန်ဆုံးသွားတယ်... ကျောင်းသားတွေက ဒီလိုဘဲ ဝေးလေးဝါးလား ဖြတ်သန်းလိုက်ကြတယ် ဆိုပါစို့

'Taeyong မင်းဘာကျွေးမှာလဲ'

နှစ်တစ်နှစ်ရဲ့ ဂျူလိုင်တစ်ရက်နေ့တိုင်းဟာ ကျောင်းစဖွင့်သလို ကျတော်ရဲ့မွေးနေ့လို့ မခံယူသင့်တဲ့ ခပ်ပေါ့ပေါ့နေ့တစ်နေ့

ကျတော်ကတော့ Doyoung ကို မုန့်ကျွေးရတဲ့နေ့လို့ဘဲ သတ်မှတ်ထားတယ်

#အခု မုန့်ကျွေးရမယ့်သူတစ်ယောက်တိုးလာပီ

'နှစ်တိုင်းမေးနေရတာ မငြီးငွေ့သေးဘူးလား'

Doyoung ကရီတယ် သူမရီဘူး

#သူ့ပါးချိုင့်တွေကို မမြင်ရတော့ဘူးလေ

'Jaehyun ဒီနေ့က Taeyong မွေးနေ့လေ မင်းဘာစားချင်လဲ'

'ကျောင်းစဖွင့်တဲ့နေ့မှာ မွေးနေ့ဆိုတော့ မှတ်ရလွယ်တာပေါ့'

အမေးတစ်ခြား အဖြေတစ်ခြား ဆိုတာ ဒါမျိုး~
စိတ်ရှုပ်စေလောက်အောင်ကို သူ့ပါးချိုင့်တွေ အခွက်သားပေါ်နေအောင်ပြုံးပြတယ်

#မင်း ငါ့ကိုရွဲ့နေတာတော့ မဟုတ်ပါဘူးနော်

'ထူးဆန်းလို့လား'

'အင်း'

'ဒီလိုလုပ်ရအောင်...'

Doyoung ရဲ့စကားသံကို နားစွင့်လိုက်တယ်...သူအတော်ကို တက်ကြွနေတယ်

'Jaehyun လည်းပါတယ် တစ်ယောက်အကြောင်း တစ်ယောက်လည်း မိတ်ဆက်လို့ရအောင်... အခုက 2နာရီခွဲနေပီ 5နာရီလောက်ကျရင် ပြန်ဆုံမယ်လေ'

'ကောင်းသားဘဲ'

Jaehyun...သူက ပြုံးရတာ ကြိုက်တယ်ထင်တယ် လူတွေကို တော်တော်အကောင်းမြင်တတ်ပုံလည်းပေါ်တယ်

#သူနဲ့ကျတော်က ဘာဆိုဘာမှ မတူညီဘူး

???????????

'ငါတို့ အောက်မှာ ရောက်နေပီ ဆင်းခဲ့တော့'

ဖုန်းချလိုက်ပီးနောက် မှန်ထဲတစ်ချက်ပြန်ကြည့်တယ်... စိတ်တိုင်းကျတယ် ကိုယ့်ကိုယ်ကို...
အမြဲလိုလိုဆံပင်ကို ခပ်ဝဲဝဲချတတ်တဲ့ ကျတော် မဆိုစလောက်လေး လှန်တင်ထားတယ်... ဒီလောက်ပါဘဲ

I don't know??(Hiatus)Tahanan ng mga kuwento. Tumuklas ngayon