Ep 7
ကားစီးရတာ သိပ်ကြာလွန်းတယ်... အဆင်မပြေတာ ရာနှုန်းပြည့်
တစ်ကားလုံးဟာ တိတ်ဆိတ်လို့နေလေရဲ့...
မျက်နှာကို တစ်ဖက်သို့သာ မြဲမြဲလှည့်ထားသောသူဟာ ကျတော့်ကို တံတွေးသာ တွင်တွင်မြိုချဟု အမိန့်ပေးနေသယောင်...
ကျတော် တော်ရုံ ခရီးမသွားဘူး ဒါမျိုးတွေဖြစ်မယ်ဆိုတာ သိလို့...
ဝေါ့**
'Taeyong! ဘယ်လိုဖြစ်...??'
ကြွပ်ကြွပ်အိတ်တောင် လှမ်းယူချိန်မရလိုက်တဲ့ ကျတော်ဟာ အကျီရော ဘောင်းဘီမှာပါ ပေကျံကုန်ပီ
#အားရှီး ရွံ့ဖို့ကောင်းတာ
'နေလို့မကောင်းဘူးလား? မူးနေတာလား? အန်ချင်ရင် အန်လိုက်အုန်း'
အိတ်တစ်လုံးကို ပါးစပ်နား ထိုးခံပေးနေတဲ့ သူဟာ သိပ်ကြင်နာတဲ့ပုံပေါ်တယ်
အော့**
'ရေသောက်လိုက်'
ကျောသပ်ပေးနေတဲ့ သူ့လက်တွေ... ကျတော် အခုထိ တစ်ခါမှတောင် မဆုပ်ကိုင်ဖူးဘူး...
ဘယ်လိုသက်ဆိုင်မှုမျိုးနဲ့မှ...
တဝေါ့ဝေါ့ အာခြစ်ပီး ကုန်းအန်နေတဲ့ ကျတော်နဲ့ ဘေးက ကျောသပ်ပေးတဲ့ သူ... မြင်ကွင်းက တော်တော်များ ကြည့်ကောင်းနေလို့လား??
ယုန်ကောင်ဟာတော့ အိပ်ပျော်နေတာ...ပါးစပ်ဟပီး ဟောက်ပင်နေတယ်
'အကျီက ဒီမှာဘဲ ချွတ်လဲလိုက် ဘောင်းဘီက...'
'ရတယ် နောက်မှ လဲလိုက်မယ်'
'ဖြစ်လို့လား ညစ်ပတ်နေမှာပေါ့'
'ရတယ်'
တကယ်တော့ မရပါဘူးလေ...
လွယ်အိတ်ထဲမွှေနှောက်ရှာတော့ အကျီ ထည့်မထားမိ...
ကျတော့်ရဲ့မတော်တဆပေါ့ဆမှုဟာ သူပူပန်ပါတယ်ဆိုတာကို အသာတကြည်နေရာဖယ်ပေးလိုက်သလို...
ယုံတော့မယုံရဲဘူး...
'ဘာဖြစ်လို့လဲ အကျီမလဲဘူးလား'
'ပါမလာဘူး'
'ကဲ ချွတ် ချွတ် ငါ့အကျီ ဝတ်လိုက်'
YOU ARE READING
I don't know??(Hiatus)
Fanfictionမသိလို့ဆိုတာကို အပြစ်လို့မသတ်မှတ်ပါနဲ့... အမှားတစ်ခုလိုလည်း အမှန်မပြင်ပါနဲ့...