If I were brave...

1.9K 229 6
                                    

#Unicode
Jimin;ကျွန်တော် Yoongi Hyung နဲ့လမ်းခွဲ
ခဲ့ကာ တစ်ပါတ်တောင်ရှိနေပြီ။
ထိုနေ့ကစပြီး Hyung
ကျွန်တော့်ကို မဆက်သွယ်ခဲ့ပါ။

ကျွန်တော့်အတွက် တကယ်နေရခက်ပါသည်။တစ်ခုခုလိုနေသလို။
အရင်ကထက်လည်း Hyung အကြောင်းတွေပိုတွေးဖြစ်လာသည်။

ကျောင်းရောလာရဲ့လား ကျွန်တော်မသိ။
မနေနိုင်သော စိတ်အစုံတို့ကို
အလိုလိုက်ကာ Hyung ရှိရာသို့
သွားချင်သော်လည်း ကျွန်တော့်
ဦးနှောက်နှင့်မာနက
ခွင့်မပြုပေ။

စိတ်မပါစွာနှင့်ဖတ်လက်စ စာအုပ်ကိုသာ
ဆက်ဖတ်နေလိုက်ရင်း
Taehyung လာမှသာ Hyung
အကြောင်းစပ်စုတော့မည်ဟု ကိုယ့်ကိုယ်ကို
နှစ်သိမ့်လိုက်မိသည်။

ခနကြာသော် Taehyung တစ်ယောက်
အတန်းထဲသို့ ဝရုန်းသုန်းကား
ပြေးဝင်လာလေသည်။ကျွန်တော့်နားသို့
အသက်မနည်းလုနေရပုံဖြင့် ဝင်ထိုင်လိုက်ရင်း

Taehyung;''ရေ ရေပေးစမ်းပါ''

အချိန်အတော်ကြာ သူ့ကိုရေဗူးမပေးဘဲ
ငုတ်တုတ်ထိုင်နေသော ကျွန်တော့်အား
စိတ်မရှည်ဟန်ဖြင့်

Taehyung;''Park Jimin မင်း
နားလေးနာလား?Hmm?''
''ရေ မြန်မြန်ပေးစမ်းပါ''

Jimin;''မင်း ရေနင်သေမှာစိုးလို့ လဒရဲ့''
''အရမ်းမောနေတဲ့အချိန် ရေကိုအငမ်းမရ
မသောက်ရဘူး''
''ကျွတ် မင်းကို အာ့တွေပြောလည်းသိမှာ
မဟုတ်ပါဘူး''

Taehyungအား ပြန်လည်နှိပ်ကွပ်ရင်း
ရေဗူးလှမ်းပေးလိုက်သည်။
ထို့နောက်ရေတစ်ဗူးလုံးကုန်အောင်
သောက်နေသော
Taehyungအားကြည့်ရင်း

Jimin;''မင်း ဘာလို့အာ့လောက်
အသည်းအသန်
ပြေးလာတာလဲ?''
''နောက်က ကျား လိုက်လာလို့လား?''

Taehyung;''ကျား ဆိုရင်တောင်
အာ့လောက်ပြေးမိမှာမဟုတ်ဘူး ''
''အခုဟာက ကာယဆရာ လိုက်လာလို့ကွ´´
''ဟိုတနေ့က ငါဆေးလိပ်ခိုးသောက်တာ
ဆရာမြင်သွားတယ်´´

ကျွန်တော် Taehyungအား သနားသလိုကြည့်ရင်း ဗိုက်နှိပ်ရယ်နေမိသည်။

Taehyungအကြောင်းတွေးနေရင်း ဖျတ်ခနဲသတိရလိုက်မိသည်က
ကျွန်တော်နှင့်Yoongi hyungရဲ့RS!
ကျွန်တော့်နှင့်Yoongi hyungကရော
ဘယ်ဘဝကဝဋ်ကြွေးတွေကြောင့်ခုလို
အခြေအနေဖြစ်နေရတာလဲ။

If I were brave...*COMPLETED*Where stories live. Discover now