If I were brave...

3.2K 253 12
                                    

#Unicode

Jimin;''Let's break up!''

Yoongi;''ဒါ နောက်စရာမဟုတ်ဘူးနော်''

Jimin;''ကျွန်တော် အာ့လိုမျိုးနောက်ခဲ့
ဘူးလို့လား hyung?''

''ကျွန်တော် သေချာစဉ်းစားပြီးမှပြောတာပါ''

''ကျွန်တော် hyung ကိုသံယောဇဉ်ရှိပါတယ် but ကျွန်တော်မချစ်ဖူးထင်တယ်''

''အချစ်ဆိုတာ ဘာမှန်းကျွန်တော်ခုချိန်ထိ
မသိသေးဘူး''
''အာ့ဒါထက် ကျွန်တော်...''

Jimin:ရှေ့ဆက်ပြောဖို့ခက်ခဲနေသော
ကျွန်တော့်ကို
Yoongi hyung မျက်မှောင်ကုပ်ကြည့်နေကာ
မေးဆတ်ပြပြီး...

Yoongi;''ဆက်ပြောပါ''
''မင်း နဲ့ ငါ အေးဆေးဆွေးနွေးသင့်တာကြာပြီ''

''ငါ့ အပေါ်မှာ မင်းရဲ့သဘောထားဘယ်လိုရှိလဲ
ငါ အမှန်တိုင်းသိချင်တယ်''

Jimin;''ကျွန်တော် hung ကို
တကယ်အားနာတယ်''
''Hyung ကျွန်တော့်အပေါ်မှာ ပိုလေးနက်မှု့
ရှိလာလေလေ ကျွန်တော့်ကိုယ်ကျွန်တော်
အပြစ်ရှိတဲ့သူလိုခံစားရလာတယ်''

''Hyung ဘက်က ကျွန်တော်နဲ့အတူတူ
တည်ဆောက်မယ့် အနာဂတ်plan
တွေ ကျွန်တော့်အတွက် စိတ်ကူးထားတဲ့
အိပ်မက်တွေ  ~ မျှော်လင့်ချက်တွေ
ရှိပေမယ့် ကျွန်တော်ဘက်က
အာ့လိုတွေတစ်ခါမှမစဉ်းစားခဲ့ဖူးဘူး''

''Arnyi!ကျွန်တော်တွေးကိုမကြည့်ခဲ့တာ
ကျွန်တော်တို့ရဲ့ လက်ရှိ RS ကို ကျွန်တော့်
ဘက်ကလက်မခံရဲဘူး''

''ကျွန်တော်ကြောက်တယ်''
''ကျွန်တော်တို့နှစ်ယောက်ကို ပတ်ဝန်းကျင်က
ပြောလာမယ့်စကားသံတွေ
ဝေဖန်လာမယ့်စကားလုံးတွေကို
ကျွန်တော်  ရင်မဆိုင်ရဲဘူး''

''ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ မိဘဆွေမျိုး
အသိုင်းဝိုင်း သူငယ်ချင်းတွေကြားမှာ
ကျွန်တော်တို့ရဲ့ RS ကိုအတိအလင်း
ဖွင့်ပြောပြဖို့  ကျွန်တော် သတ္တိမရှိဘူး''

''ကျွန်တော် တကယ်တောင်းပန်ပါတယ် hyung''
''ကျွန်တော်တို့ ဒီလောက်နဲ့ပဲ
ရပ်တန့်လိုက်ကြရအောင်''
''ကျွန်တော့်ကြောင့် hyung ထိခိုက်ခံစားရမှာမျိုးလည်း ကျွန်တော်မလိုချင်ဘူး''
''အာ့ကြောင့် အချိန်မလွန်ခင် ကျွန်တော်တို့
လမ်းခွဲကြရအောင်လား?''

If I were brave...*COMPLETED*Where stories live. Discover now