Episode 1

6.7K 209 5
                                    

Hana's pov :

Seoul မြို့ရဲ့ လမ်းမထက်​မှာ ဖြတ်​သွားဖြတ်​လာ လုပ်​နေတဲ့ ကား​တွေကို ​ငေးကြည့်​ရင်း အရှိန်​ပြင်းပြင်း ကားသံ​တွေကို နားဆင်​​နေခိုက်​ ဘတ်​စ်​ကား ​ရောက်​လာ​တော့ အသာ​လေး တက်​သွားပြီး ​နေရာလွတ်​တစ်​ခုမှာ ကျွန်​မ ဝင်​ထိုင်​လိုက်​တယ်​..... ကျွန်​မ သွားမယ့်​​နေရာ ​ရောက်​ဖို့က ​ဝေး​သေးတယ်​ဆို​တော့ နား​နှစ်​ဖက်​ထဲ နားကြပ်​​လေးထိုးထားပြီးသာ ​မှေး​နေလိုက်​တယ်​​လေ.....

မျက်​လွှာ​လေးကို အသာ​လေး ပင့်​မပြီး ပြတင်း​ပေါက်​ အပြင်​ဘက်​ကို ​တစ်​ချက်​​ဝှေ့ကြည့်​လိုက်​​တော့ အချိန်​​တွေ ဘယ်​လို ကုန်​သွားလဲ​တောင်​ မသိလိုက်​ဘူး​လေ... သီချင်း​တွေထဲမှာပဲ အာရုံ​ရောက်​​နေမိခဲ့တာကိုး...

ဘတ်​စ်​ကားမှတ်​တိုင်​မှာ ဆင်းပြီး ဆက်​​လျှောက်​လာခဲ့လိုက်​တယ်​။

"Yaa Min Hana!" ဂိတ်​ဝ​ရောက်​ခါနီး ​ခေါ်သံကြားလို့ လှည့်​ကြည့်​လိုက်​​တော့... လာပါပြီ​လေ ကျွန်​မရဲ့ တစ်​ဦးတည်း​သော သူငယ်​ချင်း​လေး...

"အမ​လေဟယ်​ အဲ့​လောက်​ ​ပြေးလာစရာလား! ငါ ဘယ်​မှ ထွက်​မ​ပြေးပါဘူးဟယ်​"

"ငါ နင့်​ကို ​အ​ရေးကြီး ​ပြောစရာ ရှိလို့ဟ Hana! လာ အတန်းထဲ ​ရောက်​ရင်​ ​ပြောမယ်​" သူ ကျွန်​မလက်​ကို ဆွဲပြီး ​ထပ်​​ပြေးပါ​လေတယ်​။

"ဟဲ့ ရပ်​ဦး! Jung Mi Eun ရပ်​ဦး!" ကျွန်​မ သူ့ကို မနည်း ဆွဲရပ်​လိုက်​ရတယ်​။

"ဘာတုန်း နင်​ကလည်း"

"ဘာ​တွေ အဲ့​လောက်​ အလျင်​လို​နေတာလဲ? ​ဖြေး​ဖြေး သွားလည်းရတာပဲကို.... ဒီမှာ ကြည့်​ဦး နင့်​လက်​ရာကြီး! ပြီး​တော့ အတန်းထဲ ​ရောက်​တဲ့အထိ နင်​​ပြေး​နေရင်​ ​မောလို့​သေမှာ​ပေါ့ဟဲ့! ဒီ uni ကို ​သေး​သေး​လေးများ မှတ်​​နေလား!"

"​အေးပါဟယ်​ လာသွားမယ်​။" ဆိုပြီး ကျွန်​မ လက်​ကို ထပ်​ဆွဲသွားပါ​လေ​ရော....

အတန်းထဲ ​ရောက်​​တော့ ​နေရာမှာ ထိုင်​လိုက်​ပြီး​"ကယ်​​ပြော ဘာ​ပြောမလို့လဲ?"

If You WishWhere stories live. Discover now