Episode 4

1.3K 110 4
                                    

Hana's pov

"​ပေး... ငါ ဝိုင်းသယ်​​ပေးမယ်​။" Taehyung က သူ့လက်​ကို ထုတ်​ပြီး ကျွန်​မကို ​ပြောတယ်​။

"ရပါတယ်​။ နည်းနည်း​လေးကို။ ငါတို့ တစ်​ခုခု သွားစားရ​အောင်​လား? ငါ ​ဗိုက်​ဆာ​နေပြီ။"

"စားမယ်​​လေ။ ဒီ​နေ့ နင်​​ကျွေးရမှာ​နော်​"

"​အေးပါ လာ ဟိုမှာ ဟိုဆိုင်​ သွားစားရ​အောင်​။"

ကျွန်​မတို့ ဆိုင်​ထဲမှာ မှာစရာရှိတာမှာပြီး စားကြ​တော့တာ​ပေါ့။ ​ဗိုက်​ဆာ​နေ​တော့ မှာထား​တာ​တွေက များသွားတယ်​။ မှာထားတာ​တွေကိုသာ တငုံ့ငုံ့နဲ့ ဟိုနှိုက်​စား ဒီနှိုက်​စား.... ဒီလိုနဲ့ပဲ ​နောက်​ဆုံးအလုတ်​ကို ပါးစပ်​ထဲ ထည့်​ခါနီး Kim Tae Hyung ကျွန်​မကို စိုက်​ကြည့်​​နေလို့ ပါးစပ်​နား​ရောက်​​တော့မယ့်​လက်​ ရပ်​သွားပါ​လေတယ်​။

"Ya Kim Tae Hyung! ကိုယ့်​ဘာသာကိုယ်​ မစားဘဲ ဘာကိစ္စ လာစိုက်​ကြည့်​​နေတာတုန်း!"

"​နောက်​ဆုံးတစ်​လုတ်​​လေး ထည့်​လိုက်​ပါဦး။ ပြီးမှ ​အေး​ဆေး​ပြောပါကွာ။"

ကျွန်​မ သူ့ကို မျက်​​စောင်း တစ်​ချက်​​လောက်​ ထိုးပြီး ဇွန်းထဲကဟာကို စားလိုက်​တယ်​။

သူက ​နောက်​မှီထိုင်​ရာက​နေ ​ရှေ့ကိုတိုးလာပြီး လက်​နှစ်​ဖက်​ကို စားပွဲ​ပေါ်မှာ ​ကွေးတင်​ပြီး​တော့ "စား​ကောင်းရဲ့လား?"

"ဘာတုန်း စားမ​ကောင်းဘဲနဲ့ ငါက ဆက်​စားပါ့မလား.... ဒီဆိုင်​က ငါကြိုက်​တဲ့ ဆိုင်​ဟဲ့"

"သိပါတယ်​။ စားတာလည်း အငမ်းမရပဲ။ ​ခေါ်​နေတာ​တောင်​ မကြားဘူး။"

"ငါက ဒီ​နေ့တစ်​​နေကုန်​ အခုမှ စားရတာ... ခုနက popcorn နဲ့ cola ပဲ ​သောက်​ရ​သေးတာကို! ပြီး​တော့ နင်​က ငါ့ကို ဘယ်​တုန်းက ​ခေါ်လိုက်​လို့လဲ?"

"သူ့ကိုယ်​သူ အစားပဲ ငမ်း​နေပြီး​တော့ ဘယ်​ကြားမလဲ"

"​အေးပါဟယ်​။ ဘာ​ပြောမလို့လဲ?"

"​အော်​ ဟိုဟာ ဟို.... နင့်​မှာ boyfriend ရှိရင်​ ငါနဲ့ မိတ်​ဆက်​​ပေး​နော်​"

If You WishWhere stories live. Discover now