Episode 2

2.3K 143 0
                                    

Hana's pov

"Hana-ssi" ​ကျွန်​မ စားပွဲ​ပေါ်မှာ ​မှောက်​အိပ်​​နေရာက​နေ ​မော့ကြည့်​လိုက်​​တော့ Tae Hyung.... သူထိုင်​​နေရာက​နေ ​နောက်​လှည့်​ပြီး​တော့​ပေါ့

"Nae Taehyung-ssi ဘာ​ပြောမလို့လဲ မသိဘူး?"

"ဟိုဟာ​လေ ကျွန်​​တော်​လည်း Hana အလုပ်​လုပ်​တဲ့ coffee ဆိုင်​မှာ လုပ်​ချင်​လို့ အဲ့တာ ကူညီ​ပေးလို့ရမလား?"

"​အော်​ ရပါတယ်​.... ဒါနဲ့ Taehyung က ဘယ်​​နေ့​လောက်​ စလုပ်​ချင်​လို့လဲ? Hana ဒီ​နေ့ ​ပြောထားလိုက်​မယ်​​လေ manager ကို"

"ဖြစ်​နိုင်​ရင်​ ဒီ​နေ့ စလုပ်​ချင်​တယ်​။"

"ဒီ​နေ့လား? ​အဲ့တာဆို ဒီ​နေ့ Hana သွားရင်​ လိုက်​ခဲ့လိုက်​​လေ။ "

ကျွန်​မလည်း ​ပြောလို့အပြီး ဆရာမ ဝင်​လာ​တော့ သူလည်း ok ဆိုတဲ့ အ​နေနဲ့ ​ခေါင်းငြိမ့်​ပြပြီး ​ရှေ့ပြန်​လှည့်​သွားတယ်​။

..................................

"ဒါနဲ့ Taehyung-ssi က ဘာ​များ​မေးချင်​လို့လဲ" Mieun က ​မေးလိုက်​တာပါ။ Taehyung က သူပစ္စည်း​တွေ သိမ်းလို့အပြီး ကျွန်​မကို ​ဘေးမှာ ရပ်​​စောင့်​​နေတာ​လေ။

"သူက ငါလုပ်​တဲ့ coffee ဆိုင်​မှာ အလုပ်​လုပ်​ချင်​လို့တဲ့။ အဲ့တာ ငါ့ကို ​စောင့်​​နေတာ တူတူသွားဖို့"

"​အော်​ အဲ့လိုလား?"

"ပြီးရင်​ သွားကြမယ်​​လေ။" ကျွန်​မ ​ဘေးလွယ်​အိတ်​​လေး လွယ်​ပြီး ထလိုက်​တယ်​။ 

ဂိတ်​ဝ​ရောက်​​တော့မှ Mieun လည်း ကျွန်​မတို့ နှစ်​​ယောက်​ကို နှုတ်​ဆက်​ပြီး ပြန်​သွား​ရော။ ကျွန်​မနဲ့ Taehyung လည်း ဆိုင်​ဆီ လမ်း​လျှောက်​လာခဲ့တာ​ပေါ့။

ဆိုင်​​ရောက်​​တော့ manager အစ်​မရှိ​နေ​တော့ အ​တော်​ပဲ ဖြစ်​သွားတယ်​။ သူ အလုပ်​ဝင်​ဖို့ ဘာညာ​ပြောပြီးတာနဲ့ ကျွန်​မတို့လည်း ဝတ်​စုံ​တွေ လဲပြီး အလုပ်​စ​တော့တာ​ပေါ့။ သူလည်း ကျွန်​မလို counter မှာ ​နေရတာပါပဲ။

ည​နေ 5 နာရီ​လောက်​ကျ​တော့ မိုး အကြီးအကျယ်​ ရွာပါ​လေ​တယ်​။ မိုးက​ တော်​​ရုံနဲ့ မသိပ်​ဘူး။ ဆက်​တိုက်​ကို ရွာ​နေတာ။ မိုးလည်း ကြီး​နေ​တော့ လာတဲ့ လူ​တွေလည်း မရှိသ​လောက်​ပဲ​လေ။ ရှင်းရှင်း​ပြောရရင်​​တော့ ရှိကို မရှိတာပါ။ ဆိုင်​ထဲမှာ လူဆိုလို့ ကျွန်​မတို့ နှစ်​​ယောက်​နဲ့ စားဖိုခန်းထဲက လူ​တွေပဲ ကျန်​တယ်​။

If You WishWhere stories live. Discover now