Episode 10(The End)

2.3K 115 8
                                    

Tae Hyung's pov :

"Ready?" Namjoon က ကားထဲက​နေ ​အော်​​ပြောလိုက်​တယ်​။ အကုန်​လုံးက ​ခေါင်းငြိမ့်​ပြ​တာနဲ့ သူ ကားကို စ​မောင်းထွက်​လိုက်​​တော့တယ်​။ သွားမယ့်​​နေရာ​လေးက​တော့ တခြားမဟုတ်​။ ကမ်း​ခြေ​လေး တစ်​​နေရာ​ပေါ့...

လမ်း​တောက်​​လျှောက်​မှာ​တော့ အကုန်​လုံးက စကား​တွေဘာ​တွေ​ပြောကြရင်းနဲ့ တစ်​ကားလုံး ဆူညံလို့​... ဒါ​ပေမယ့်​ ကျွန်​​တော်​က​တော့ တစ်​လမ်းလုံး ငြိမ်​​နေခဲ့တယ်​​လေ။ ကားပြတင်း​ပေါက်​အပြင်​ကိုသာ ​ငေးကြည့်​ရင်းနဲ့ လိုက်​လာခဲ့တာ.... တခါတ​လေ သူတို့​နဲ့ နည်းနည်းပါးပါး​လေးသာ ​ပြောဖြစ်​တာပါ။ တစ်​ကားလုံးမှာ ကျွန်​​တော်​က အတိတ်​ဆိတ်​ဆုံးသူသာ ဖြစ်​ခဲ့တယ်​ အရင်​နဲ့မတူပဲနဲ့​ပေါ့။

ကား​လေးကို တစ်​​နေရာမှာ ရပ်​လိုက်​ပြီးတာနဲ့ ကျွန်​​တော်​ကလွဲလို့ အကုန်​ကား​ပေါ်က ​အမြန်​ဆင်းပြီး ကမ်းစပ်​နားဆီ ​ပြေးသွားကြတယ်​။ ကျွန်​​တော်​က​တော့ ​ဘောင်းဘီအိပ်​ကပ်​ထဲ လက်​က​လေးထည့်​ပြီး ​အေး​အေး​ဆေး​ဆေးပဲ ​လျှောက်​လာလိုက်​တယ်​။ ကျွန်​​တော်​ ကမ်းစပ်​နား​ရောက်​သွား​တော့ အကုန်​လုံး ​ရေထဲမှာ ​ပြေးလွှား​နေကြတယ်​​လေ။ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ စ​နောက်​ကြရင်းနဲ့လည်း ​ပျော်​ရွှင်​​နေကြတာ....

"Taehyung မင်း ​ရေထဲမဆင်းပဲ ဘာလုပ်​​နေတာလဲ?" Jimin က ​ရေထဲက​နေ လှမ်း​ခေါ်တယ်​​လေ။ သူ​ပြောမှ အကုန်​လုံး ​ရေနဲ့ကစား​နေကြတာ ရပ်​ပြီး ကျွန်​​တော့်​ဘက်​ကို လှည့်​ကြည့်​ကြ​တော့တယ်​။ ကျွန်​​တော်​ ဘာမှ ပြန်​မ​ပြောဘဲ ​မဆင်းဘူးဆိုပြီး ​ခေါင်းခါပြလိုက်​​ရုံသာ....

ကျွန်​​တော်​ uni ပြီးကတည်းက အရင်​လို သိပ်​မ​ပျော်​​တော့ဘူး။ အခုဆို ဘွဲ့ယူပြီးတာ 6 လ​လောက်​ရှိပြီ။ အကုန်​လုံးက ကိုယ့်​အလုပ်​ကိုယ်​ ​လျှောက်​ပြီးကြချိန်​မှာ ကျွန်​​တော့်​မှာ​တော့ အလုပ်​​လျှောက်​ချင်​စိတ်​​ လုံးဝမရှိ....

ကျွန်​​တော်​ သူတို့နဲ့ ​ဝေးတဲ့ တိတ်​ဆိတ်​တဲ့ ​နေရာ​လောက်​​လေးထိ ​လျှောက်​သွားလိုက်​ပြီး ကမ်းအစပ်​နား​လေးမှာ ထိုင်​ချလိုက်​တယ်​။ ​ခြေ​ထောက်​နား​လောက်​​လေးထိ ​ရောက်​လာတဲ့ လှိုင်း​သေး​လေး​တွေကို ကြည့်​ပြီး တစ်​စုံတစ်​ရာကို လွမ်း​နေသလိုလို..... အဲ့ဒီ လှိုင်း​​သေး​လေး​တွေကိုပဲ ကြည့်​ပြီး ​ထိုင်​​နေတဲ့ သဲပြင်​​ပေါ်မှာ ကျွန်​​တော့်​လက်​က စာလုံး​လေးနှစ်​လုံးကို အလိုလို ​ရေးမိတယ်​။ ဘာ​ရေးမိလိုက်​လဲဆိုတာ​တော့ ​သေချာ သတိမထားမိလိုက်​။

If You WishWhere stories live. Discover now