The Two of Us

1.3K 113 3
                                    

▫▫▫▫▫▫♥KrisYeol▫▫▫▫▫▫

***2016.06.27***

ဒီ​နေ့ သူနဲ့ချစ်သူသက်တမ်း4နှစ်ပြည့်တဲ့နေ့
ထိုဂျစ်ကန်ကန်ကောင်လေးနဲ့ကျ​နော်
စ​တွေ့တုန်းကဒီနေ့လိုပဲမိုးတွေရွာနေခဲ့တယ်...

***2011.06.16***

ဒီ​နေ့ကျောင်းအဆင်းမှာ​တော့
မိုးတွေရွာနေတယ်...
လွယ်အိတ်ထဲအသင့်ဆောင်လာတဲ့ထီးကို
ထုတ်ဆောင်းလိုက်ရင်း
အိမ်ကို​တော့လမ်းလျှောက်ပြန်ဖို့ပဲ
ဆုံးဖြတ်လိုက်တယ်...

ဘာလို့လည်းဆိုတော့
ကျနော်မိုးရွာထဲအချိန်ကြာကြာနေရချင်းကို
နှစ်သက်​သော​ကြောင့်​လည်းဖြစ်​သည်​...

ကျနော့်အိမ်ပြန်လမ်းတစ်ဝက်လောက်ရောက်တော့
လူကလည်းရှင်းနေတာမို့လို့
မျက်​စိ​ရှေ့ဖြစ်​​နေသမျှအကုန်​ခပ်​ရှင်းရှင်း
မြင်​​နေရတယ်...


ကောင်လေးတစ်ယောက်ထီးမပါဘာမပါနဲ့ပုံစံကအထက်တန်းကျောင်းဝတ်ဆုံနဲ့ဆိုတော့
ကျနော့်ထက်အသက်ငယ်ပုံရတယ်...အကျီင်္လက်ကိုမသပ်မရပ်ခေါက်တင်ထားတယ်
ခြေထောက်ကဗလာ...
လက်ထဲမှာကိုင်ထားကသူ့ရဲ့ဖိနပ်ထင်ပါရဲ့
ကျနော်စိတ်ပူစွာလှမ်းကြည့်လိုက်မိတယ်...
ဘာရယ်မဟုတ်
ကျနော်ကအမြင်မတော်တာတွေ့​နေရင်မနေတတ်တာမို့လို့

ထိုကောင်လေးက
မိုးရွာထဲလည်းလမ်းလျှောက်နေသေး
ထီးကမပါ...ခြေဗလာနဲ့မိုးရွာထဲလမ်းလျှောက်နေတယ်...

ဘယ်နှယ့်မိုးရွာတာဘယ်လောက်ကြိုက်​ကြိုက်
အဲ့လိုပုံစံနဲ့တော့မနေသင့်ဘူး
တော်ကြာဖျားနာနေမှဖြင့်​သူတို့ပဲခံရမှာလေ..တဆင့်ဘေးကလူတွေပါအဖျားကူးကုန်ရင်
ပိုဆိုးမယ်မလား??

ကျနော်မနေနိုင်တော့
ထိုကောင်လေးဆီအမှီပြေးသွားလိုက်ရင်း
ပခုံးကိုလှမ်းဆွဲပြီးကျနော့်ဘက်မျက်နှာချင်းဆိုင်
လှည့်စေလိုက်တယ်
သူကကျနော့်ကို ဘာလဲဗျာ ဆိုတဲ့စိတ်မရှည်သလိုအကြည့်နဲ့ကြည့်လာတယ်

"ဒီမှာမင်းဖိနပ်မပါဘဲလမ်းလျှောက်နေရလားကွ
ဟမ်​??!! မိုးရွာထဲထီးလေး....."

"ခင်ဗျားနဲ့ဘာဆိုင်လို့လာပြောနေတာလဲ"

ကျနော့်စကားမဆုံးခင်
ထိုကောင်လေးကခပ်မာမာပြန်ပြောလာတယ်
သူ့တစ်ကိုယ်လုံးမိုး​ရေတွေစိုရွဲနေတယ်သူ့ရဲ့ဆံပင်နီနီက
နေရေစက်လေးကပါးမို့မို့လေးနှစ်​ဖက်​​ပေါ်ကိုတစက်စက်ကျနေတယ်
နှုတ်ခမ်းတွေပြာပြီးဖြူဖတ်ဖြူ​ရော်နဲ့သူ့ပုံစံကို...
ကျ​နော့်​ကိုဘာ​ကြောင့်​မှန်းမသိစိတ်ပူနေမိတယ်

The Two of UsWhere stories live. Discover now