(Zawgyi)
အတန်းထဲမှာဆရာက ပုစ္ဆာတပုဒ်ကိုရှင်းပြနေစဉ် တတန်းလုံးလဲ တိတ်ဆိတ်ကာ စိတ်ပါဝင်စားနားထောင်နေသည်..။ ဆရာမင်ကစာသင်တာ ရှင်းလဲရှင်းသလို စိတ်လဲရှည်သည်လေ...။ ဒုတိယတန်းမှာထိုင်နေသော Yunho လဲ သေချာစိတ်ပါဝင်စားစွာ လိုက်မှတ်နေစဉ်..
"ကျောင်းသား ဘာမေးမလို့လဲ..???"
ဆရာမင်ရဲ့မေးလိုက်သံကြောင့် ကျောင်းသားအားလုံးရဲ့အာရုံက လက်ထောင်လိုက်သောကျောင်းသားဆီသို့ရောက်သွားသည်.။ Shim Changmin ပါလား...။ နောက်ဆုံးတန်းမှာအမြဲထိုင်ကာ အတန်းတက်တရက် မတက်တရက်နဲ့ ခုလဲဘာမေးမလို့ လက်ထောင်တာလဲမသိ..။
"မေးမလို့မဟုတ်ပါဘူးဆရာ ကျွန်တော် အတန်းဆက်မတက်ချင်တော့လို့"
"ဘာလို့လဲ ငါသင်တာစိတ်ဝင်စားစရာမကောင်းလို့လား"
"တခြားကျောင်းသားတွေတော့ စိတ်ဝင်စားကြမှာပါ ကျွန်တော်ကတော့ပျင်းတယ်"
ကျောင်းသားအားလုံး သူ့အဖြေကြောင့် ကျွတ်စီကျွတ်စီဖြစ်လာကြသည်..။ ဆရာမင်က မျက်မှန်ကိုလက်နဲ့အသာပင့်ကာ ပြုံးလိုက်ရင်း....
"ကောင်းပါပြီကျောင်းသား မင်းစိတ်မ၀င်စားရင်သွားနိုင်ပါတယ်"
Changmin လဲ ဆရာ့ကို ဦးညွတ်အရိုအသေပြုကာ ကျောပိုးအိတ်ကိုကောက်လွယ်ပြီး အတန်းထဲမှ ထွက်သွားတော့သည်..။ ကျောင်းသားများကတော့ သူ့ကိုကြည့်ကာ ခေါင်းတခါခါဖြစ်ကုန်ကြသည်...။ ဆရာမင်ကလဲ အေးအေးလူလူထွက်သွားသော Changmin ကို လှမ်းကြည့်နေရင်းမှ အတန်းဘက်ကိုအာရုံပြန်ပြောင်းလိုက်သည်...။
"အဟမ်း....စာဆက်သင်ကြမယ်"
"Nae!!!!"
အတန်းချိန်ပြီးတော့ နေ့လည်စာစားချိန်ရောက်လာတော့ Yunho လဲ စာအုပ်တွေသိမ်းကာ ထမင်းစားရန်ထမင်းဘူးလေးကို ထုတ်လိုက်သည်..။ Omma က အမြဲတမ်း သူတို့ညီအစ်ကိုအတွက် ထမင်းဘူးထည့်ပေးနေကျပင်ဖြစ်သည်...။
"Yunho ahhh ဒီနေ့ Canteen သွားကြရအောင်"
Yunho လှည့်ကြည့်လိုက်တော့ သူ့အချစ်ဆုံးသူငယ်ချင်း Onew ဖြစ်နေသည်..။ Onew နဲ့သူက အလယ်တန်းကျောင်းထဲက အတူတူပေါင်းလာကြတာ တယောက်နဲ့တယောက် ပြောမနာဆိုမနာတွေ...။
YOU ARE READING
You're My Everything {Completed}
Fanfiction(Zawgyi + Unicode) မင်းရဲ့ဖြူစင်တဲ့အချစ်တွေကို လွဲမှားသာယာမိပြီး ညီလေးတယောက်ဆိုတာထက် ပိုချစ်မိသွားတာကို ခွင့်လွှတ်ပေးပါ.... အရင်ကအချစ်ဆိုတာ ကိုယ်ပေးလိုက်တဲ့အတိုင်း ထပ်တူညီမျှပြန်ရမယ်လို့ ယုံကြည်ခဲ့ဖူးတယ် အခုဘ၀နဲ့ရင်းပြီး သိလိုက်ရတာက အချစ်ဆိုတာ ချစ်...