Episode 14

2.8K 182 7
                                    

(Zawgyi)

"ဒါကတော့ မင်းတို့ Marketing ဌာနရဲ့ ဌာနမှူးအသစ် Shim Changmin ပါ သူဌေး Shim Minhwa ရဲ့တဦးတည်းသောသားပေါ့"

မန်နေဂျာက ဌာနကလူတွေနဲ့ တယောက်ချင်းစီမိတ်ဆက်ပေးတော့ Changmin မပြုံးမရယ်ဒီတိုင်းပဲ ကြည့်နေလိုက်သည်...။ Changmin က မပြုံးပြတော့ ၀န်ထမ်းတွေကလဲ ပြုံးပြရမလိုလို ခေါင်းညွတ်အရိုအသေပဲ ပေးရမလိုလိုဖြစ်နေကြသည်...။

ဌာနမှာရှိတဲ့သူက စုစုပေါင်း၁၅ယောက်...။ Changmin သဘောကတော့ ရှင်းပါသည်.. ကိုယ်ကဖော်ဖော်ရွေရွေနေရင် သူတို့ကမလေးစားမှာစိုးလို့လေ...။ Changmin ဆိုတာခုမှကျောင်းပြီးကာစ ဘွဲ့တောင်တက်မယူရသေးဘူး...။

အဲဒီ့တော့လူတိုင်းကို ခပ်တင်းတင်းဆက်ဆံထားမှ သူတို့ကိုယ့်ကိုမရိုမသေ မလေးမစားမလုပ်ရဲမှာ...။ ပြီးတော့ကိုယ့်ရဲ့ရာထူးကလဲ သူတို့အားလုံးရဲ့အထက်မှာလေ...။

"Changmin တခုခုဆိုရင် Hyung ဆီလာခဲ့နော်"

"Ok"

မန်နေဂျာကမိတ်ဆက်ပေးပြီးတာနဲ့ ပြန်သွားလေပြီ...။ Changmin ရုံးခန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်တော့ ကွန်ပြူတာ ၁၂လုံးက ၃လုံးတတန်းနဲ့ ၄တန်းအစီအရီထားထားပြီး ဘေးဘက်နားမှာက ဒီဇိုင်နာတွေ ဒီဇိုင်းတင်ဆွဲဖို့ ခပ်ကြီးကြီးစားပွဲတလုံးနဲ့ အခန်းထောင့်မှာတော့ မိတ္တူကူးစက်တလုံးရှိနေသည်...။ Changmin ထိုင်ရမယ့်နေရာက ရုံးခန်းထဲမှာသီးသန့် မှန်အလုံကာထားတဲ့အခန်းထဲမှာ...။

"ကိုယ့်အလုပ်ကိုယ်လုပ်ကြလေ ဘာလုပ်နေတာလဲ"

ဝန်ထမ်းတွေက Changmin ဘာမှမပြောသေးလို့ ဘေးနားမှာဒီတိုင်းရပ်နေကြတာ...။ Changmin အော်ထုတ်မှပဲ သူတို့နေရာလေးတွေ သူတို့ ပြေးထိုင်ကာ အလုပ်လုပ်ကြတော့သည်...။

ပြီးတော့မှ Changmin လဲ သူ့အခန်းထဲသူဝင်ထိုင်နေလိုက်သည်...။ ပြောသာပြောရတာ ခုမှပထမဆုံးအလုပ်စလုပ်တာ ဘယ်ကနေဘယ်လို စရမှန်းမသိပေ...။ ခပ်တည်တည်နဲ့ကွန်ပြူတာဖွင့်ကာ ဂိမ်းထိုင်ဆော့နေလိုက်သည်...။

အပြင်ဘက်မှာလဲ ၀န်ထမ်းများက တယောက်မျက်နှာတယောက်ကြည့်ကာ ဘာတွေပြောလို့ပြောရမှန်းမသိ...။ Changmin က စရောက်ရောက်ချင်း သူတို့ကိုဆက်ဆံပုံက တစိမ်းဆန်လှသည်လေ...။

You're My Everything {Completed}Donde viven las historias. Descúbrelo ahora