(Zawgyi)
ဖုန်းမှ Alarm မြည်တဲ့ တီးလုံးသံတိုးတိုးလေးကြောင့် Jaejoong မျက်လုံးမပွင့်သေးပေမယ့် ဖုန်းကိုကမန်းကတန်းစမ်းကာ Alarm ကိုပိတ်လိုက်ရသည်...။ နို့မို့ဆိုအအိပ်ဆတ်တဲ့ Changmin နိုးသွားလို့ အရင်တခါကလို ကုတင်ပေါ်က ကန်ချခံနေရမယ်..။
အိပ်ရေးမဝသေးပေမယ့် မထလို့မဖြစ်တဲ့အခြေအနေကြောင့် Jaejoong မျက်လုံးအတင်းဖွင့်ကာ ခါးပေါ်မှာရောက်နေတဲ့ Changmin လက်ကို သူမနိုးအောင် အသာအယာလေး မကာဖယ်လိုက်ရသည်...။ ထို့နောက် တိတ်တိတ်ဆိတ်ဆိတ်ပင် ကုတင်ပေါ်ကဆင်းလိုက်ပြီး ရေချိုးခန်းထဲတန်းဝင်လိုက်သည်...။ ခန္ဓာကိုယ်အောက်ပိုင်းဆီက နာကျင်မှုတွေကို လျစ်လျူရှုထားရင်း ခပ်မြန်မြန်ပင်မျက်နှာသစ် သွားတိုက် ကိုယ်လက်သန့်စင်လိုက်သည်...။
ဗီဒိုကိုအသံမမြည်အောင်ဖွင့်ရင်း အ၀တ်အစားတစုံကို ဆွဲယူဝတ်လိုက်ကာ ကြမ်းပေါ်မှာပြန့်ကျဲနေတဲ့ ညက၀တ်ထားတဲ့ အ၀တ်အစားတွေကိုလဲ လျှော်ဖို့အ၀တ်တွေထည့်တဲ့ ခြင်းထဲသို့ပစ်ထည့်လိုက်သည်...။ ခုထိအိပ်ပျော်နေဆဲ Changmin ဆီသို့ တချက်လှမ်းကြည့်လိုက်ပြီးမှ Jaejoong လဲ အိမ်အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်...။
မနက်၅နာရီဆိုတာ Jaejoong အတွက်တော့ စောနေသေးတာကို..။ အိမ်မှာဆို Hyung ထက် စောနိုးတတ်တယ်ဆိုပေမယ့် Jaejoong တကယ်ထတာ ၇နာရီလောက်မှပါ...။ ရေချိုးပြီးတာနဲ့ ၇နာရီခွဲလောက်ဆို Hyung ကိုသွားနှိုးနေကျလေ..။ အခုတော့ နေရောင်တောင်မထွက်သေးတဲ့ မနက်၅နာရီမှာ Ommoni ပေးတဲ့ မနက်စာပြင်ပေးပါဆိုတဲ့ တာဝန်ကြီးကြောင့် အိပ်ရေးမ၀လဲ ထပြင်နေရတာလေ...။
အမြဲတမ်းမျက်နှာလေးပြုံးကာနေတဲ့ Ommoni က စကားချိုချိုလေးတွေနဲ့ လူတယောက်ကိုခိုင်းတတ်တာ Jaejoong သိလာရသည်...။ ဒါပေမယ့်လဲ ဆူငေါက်ပြောတာထက်စာရင် ချိုချိုသာသာပြောတာတော့ အခိုင်းခံရတဲ့သူကလဲ လုပ်ပေးချင်တာပေါ့..။
လူကြီးတွေက မနက်စာကိုထမင်းပဲစားတတ်လို့ Jaejoong ခုလိုအစောကြီးထချက်ပေးရသည်...။ Changmin ကတော့ မနက်စာကို ပေါင်မုန့်နဲ့ကော်ဖီလောက်သာ စားတတ်တာ...။ တခါတလေစိတ်ကူးပေါက်မှသာ ထမင်းစားတာလေ..။
BINABASA MO ANG
You're My Everything {Completed}
Fanfiction(Zawgyi + Unicode) မင်းရဲ့ဖြူစင်တဲ့အချစ်တွေကို လွဲမှားသာယာမိပြီး ညီလေးတယောက်ဆိုတာထက် ပိုချစ်မိသွားတာကို ခွင့်လွှတ်ပေးပါ.... အရင်ကအချစ်ဆိုတာ ကိုယ်ပေးလိုက်တဲ့အတိုင်း ထပ်တူညီမျှပြန်ရမယ်လို့ ယုံကြည်ခဲ့ဖူးတယ် အခုဘ၀နဲ့ရင်းပြီး သိလိုက်ရတာက အချစ်ဆိုတာ ချစ်...