BamBam နဲ့ YoungJae မှာအဆောင်တွင်တခန်းထဲအတူနေရသည်။
Bam- YoungJae ငါတို့ကျောင်းမှာ အားကစား major တစ်ခုယူရတယ်။ ငါဆို ဘောလုံးအသင်းဝင်ထားတယ်။ JinYoung ကတော့ ဘော်လီဘော ထဲမှာပါတာ။ နင်ရောဘာယူမှာလဲ
YJ- JaeBum ကရော ဘာအဓိကယူထားတာလဲ
Bam- အယ် ဘာလို့သိချင်တာလဲဟင် (ငါသိတယ် ဟူသောအကြည့်ဖြင့်)
YJ- ဒီတိုင်းပါပဲ (သူနဲ့အတူတူဖြစ်ချင်လို့ဟေ့)
Bam- သူက မာရသွန်ပြေးတယ်
YJ- အာ့ဆို ငါလဲမာရသွန်ပဲပြေးတော့မယ်။
Bam- မိန်းမနင်မဟုတ်မှလွဲရော ... JaeBum ကိုကြိုက်နေတာလား
YJ- ငါဒီလိုလုပ်နေမိတာ သူ့ကြိုက်လို့လုပ်မိနေလားမသိတော့ဘူး...
ပြောပြောဆိုဆိုနဲ့ စာကြည့်စားပွဲပေါ်မှစာအုပ်တအုပ်ကိုကောက်လှန်လိုက်သည်
YJ- ဟမ်!!! Bammie ဒါ...ဒါ... Jack..
Bam- အားးးး မကြည့်နဲ့!!!!
စာအုပ်ကို YoungJae ဆီမှဆွဲယူလိုက်သည်။
YJ- Jackson မလား Jackson ပုံမလား။ ဟုတ်တယ်မလား။
Bam- ဟူးး အခုမှလဲမထူးတော့ဘူးး။ ငါ့နာမည်အရင်းက Kunpimook Bhuwakul, Thailand ကလာတာ။ ငါဒီမှာကျောင်းလာတက်တာ Jackson ကြောင့် သူကငယ်ငယ်တည်းကနာမည်ကြီးတယ် ငါသူ့ကိုစသိတာ Korea U16 vs Thailand U16 ဘောလုံးပွဲမှာပဲ။ သူ့နဲ့တွေ့ချင်လို့ အိမ်နဲ့အတိုက်အခံလုပ် Korea စာလေ့လာပြီး ဒီရောက်လာတာပဲ။ ဒီရောက်တော့ football club မှာ member ဝင်တယ်။ အက်အချိန်မှာ သူကအငယ်တွေကိုလေ့ကျင့်ပေးတဲ့နည်းပြဖြစ်နေပြီ။ ကံကောင်းတာလားမသိ ငါကသူ့အဖွဲ့မှာပါသွားတယ်။ အက်မှာငါနဲ့သူနဲ့ခင်တာပဲ။ အခုဆို ၃ နှစ်ရှိသွားပြီ။
YJ- awww ဒါနဲ့ Jackson ကရော နင့်ကိုစိတ်ဝင်စားနေတယ်လို့မထင်မိဘူးလား။
Bam- ဟင့်အင်း လုံးဝမထင်ဘူး။ သူက play boy ကောင်မလေးတွေအများကြီးထားတယ် ဒါပေမဲ့ဘယ်သူ့ကိုမှသူမချစ်ဘူး အပျော်တွဲတာပဲ။ သူတွဲတဲ့ကောင်မလေးတွေဆိုတာလဲ ကျောင်းမှာအချောဆုံးအလှဆုံးတွေ။ ငါ့လိုလူမျိုးက သူအပျော်တွဲတဲ့အဆင့်ထဲမှာတောင်မပါနိုင်ပါဘူး
YJ- Ya BamBam နင်ကကိုယ့်ကိုယ်ကို အထင်သေးနေတာပဲ။ နင်ပြောတယ်လေ သူနဲ့ခင်တာ ၃ နှစ်ရှိပြီဆိုပြီး။
Bam- အေးဟုတ်တယ်လေ ဘာလို့တုန်း
YJ- အာ့ပဲ play boy က နင့်ကို၃ နှစ်တောင်တောက်လျောက်ခင်လာတာ သူလဲနင့်အပေါ် သံယောဇဉ်အနည်းနဲ့အများရှိမှာပဲ။
Bam- မသိတော့ဘူး။ တော်ပြီ အိပ်ရအောင်မနက်ကျောင်းသွားရဦးမှာ
YJ- ok ok
....................................................
Yug- Jackson hyung ရေ Bhuwakul အကြောင်းစဉ်းစားနေတာလား XD
JS- ဘယ်က Bhuwakul အကြောင်းကမှာလဲ။ ငါ့ငါ ပန်းပွားအဖွဲ့ခေါင်းဆောင် Jessi လေးအကြောင်းစဉ်းစားနေတာ
Yug- A~ ညာနေပြန်ပြီ BamBam အကြောင်းတွေးနေတာမလား။
JS- တောက် ငါလုပ်လိုက်ရ ကလေးကကလေးလိုမနေဘူး။ BamBam လို ကလေးကလားရုပ်ငါစိတ်မဝင်စားပါဘူး။ ငါက sexy ကျကျလေးမှ အဟိ
Yug- စိတ်မဝင်စားဘူး စိတ်မဝင်စားဘူးနဲ့ ဘယ်မိန်းကလေးကို hyung အချိန်အကြာကြီးသူငယ်ချင်းလုပ်ဖူးလို့လဲ။ ဒီ Bhuwakul နဲ့မှ ဟင်းဟင်းး
JS- yarr မင်းဘာသိတုန်း။ ငါကသူ့ကိုသနားလို့။ Korean မဟုတ်တော့အားငယ်နေမှာစိုးလို့ကွ။
Yug- အမလေးသူကျ Korean ကျလို့။ သနားတာလဲအလွန်ကြီးပါဗျာ
JS- တော်ပြီကွာ မင်းနဲ့ပြိုင်မငြင်းဘူး ငါ့ Jessi နဲ့စိတ်ကူးယဉ်နေတာတောင်ပျက်တယ်။ အိပ်တော့ကွာ။ မနက်ကျောင်းသွားရမှာ
Yug- အိပ်မှာပါ အိပ်မှာပါ။ သူ Bhuwakul အကြောင်းတွေးနေတာပေါ်မှာစိုးလို့ လူကိုဇွတ်အိပ်ခိုင်းနေတာ
JS- ဒီကောင် ငါလုပ်လိုက်ရနာတော့မယ်
ခေါင်းအုံးနဲ့ပစ်ထုရန်ရွယ်လိုက်သည်
Yug- ah ah အိပ်ပြီ hyung အိပ်ပြီ
Jackson's POV : အေးကွာ ငါလဲ BamBam အကြောင်းတွေးနေမိတာလား။ မတွေးမိတာလားကိုမသိတော့ဘူး။ မင်းမတွေးဘူး Jackson သူက မင်း type မဟုတ်ဘူးး။ Jessi အကြောင်းပဲတွေး Jessi Jessi....