လှေကားအလယ်တွင် Jackson နှင့် BamBam ဖက်ရက်သားလေးဖြစ်နေသည်။ BamBam မှာလန့်သွားသောကြောင့် Jackson ခါးကိုမျက်စိစုံမှိတ်ဖက်ထားသည်။ Jackson မှာလဲ မျက်လုံးအပြူးသားနှင့် တောင့်တောင့်ကြီးရပ်ကာ BamBam ကိုဖက်ထားသည်။
Yug & JY- အာ့ ဘာဖြစ်နေကြတာလဲ
ထိုအချိန်မှ Jackson တယောက် လောကကြီးနှင့်အဆက်အသွယ်ပြန်ရကာ
JS- yar BamBam ဘာဖြစ်သွားသေးတုန်း။ ဘာမှမဖြစ်လဲခါးကိုလွှတ်ပေးဦးလေ
BamBam လဲ Jackson အသံကြားမှ သတိပြန်လည်လာကာ ရှက်ရှက်ဖြင့် ခါးဖက်ထားသောလက်ကိုလွှတ်လိုက်လေသည်
JY- BamBam ဘာဖြစ်သွားသေးတုန်း
Bam- ဟင့်အင်းဘာမှမဖြစ်ဘူး အတန်းထဲသွားရအောင်
BamBam လဲရှက်ရှက်ဖြင့် JinYoung လက်ကိုဆွဲကာထွက်ပြေးသွားတော့သည်။
Yug- အဟမ်းအဟမ်း
JS- ဘာလဲကွာ
Yug- hyung တို့ကောင်းခန်းရောက်နေတုန်း ဝင်ဖျက်သလိုများဖြစ်သွားသလား
JS- ဘာကောင်းခန်းတုန်း။ သူချော်လဲလို့ငါဝင်ထိန်းပေးတာပါကွ
Yug- A~ ထားပါတော့ ဒါနက်ရုပ်ကြီးကဘာဖြစ်နေတာတုန်း စပ်ဖြဲဖြဲနဲ့
JS- ဘယ်မှာစပ်ဖြဲဖြဲဖြစ်နေလို့တုန်း။ လာလာအတန်းသွားရအောင်
Yug- ဟွန်းမပြောသေးဘူး မပြောသေးဘူး
JS- မပြောနဲ့ဘယ်တော့မှမပြောနဲ့ ဖောင်း (ဇက်ပိုးပိတ်ရိုက်လိုက်သည်)
Yug- hyung !!!!
................................................
At class
အတန်းထဲတွင် အတွေးကိုယ်စီဖြင့် တယောက်မှစာစိတ်မဝင်စားကြပေ။ JinYoung မှာမုန့်ခိုးစားနေပြီး Yugyeom မှာတော့ အိပ်ငိုက်နေသည်။ YoungJae ကလဲ JaeBum စိတ်ဖြင့်စာထဲစိတ်မရောက်နိုင်ဖြစ်နေသည်။ BamBam နဲ့ Jackson မှာတော့ မနက်ကကိစ္စကြောင့် ရင်တုန်တာမရပ်သေးပေ။