Bam- YoungJae အတန်းကိုတယောက်တည်းသွားလို့ဖြစ်လား ဒီနေ့ football club သွားရမှာမို့လို့
YJ- အင်းဖြစ်တယ်။ သွားတော့ နောက်ကျနေဦးမယ်
Bam- ထမင်းစားချိန်မှတွေ့မယ်နော် သွားပြီ တာ့တာ
YJ's POV: အင်း အတန်းစဖို့ကလိုသေးတယ် ကျောင်းထဲလျှောက်ပတ်ဦးမှပါ
YoungJae တယောက်ကျောင်းထဲလျှောက်ကြည့်နေစဉ်
YJ- JaeBum တောင်ကျောင်းလာပြီ။ အာ သူ့လွယ်အိတ်ကနေ တခုခုပြုတ်ကျသွားတယ်တော့
YoungJae မှာ JaeBum ကိုလှမ်းအော်၍ ပစ္စည်းကျကျန်ခဲ့ကြောင်းသတိပေးရသော်လည်း တမင်ဂွင်ဖန်ကာမအော်ပဲနေခြင်းဖြစ်သည်
YJ- အွန် keychain လေးပဲ။ အထဲမှာ ဓာတ်ပုံရှိတာလားမသိဘူး။ ဖွင့်ကြည့်ဦးမှ.. အာမဟုတ်တာ သူများဟာစပ်စပ်စုစုကြည့်တာမကောင်းပါဘူး။ မကြည့်တော့ပါဘူး။ ဟမ် နာမည်ရေးထားတယ်ဟ ဘာတဲ့ "JB ❤ IY"
YoungJae တယောက် keychain ပေါ်မှနာမည်ကိုမြင်သွားပြီးသကာလ လွှင့်ပစ်ချင်စိတ်ပါပေါက်သွားသည်။ ဒါပေမဲ့လဲသူ့ဂွင်ပျက်မှာစိုးသဖြင့် ဒီတိုင်းသာယူထားလိုက်ရသည်။
In Class....
JB တယောက်ဟိုရှာဒီရှာ.... အတန်းစရန် နာရီဝက်လောက်လိုနေသေးသောကြောင့် အတန်းထဲတွင်လူများများစားစားမရှိပေ
JB- ဘယ်ရောက်သွားတာလဲ ပျောက်လို့မဖြစ်ဘူး
YJ- ဒီဟာရှာနေတာလား
Keychain လေးပြ၍မေးလိုက်သည်
YoungJae လက်ထဲမှ Keychain လေးအား JB ဖြတ်ကနဲဆွဲယူလိုက်သည်
YJ- ဟို နင်ကျောင်းရေကန်နားမှာကျကျန်ခဲ့တာ ငါတွေ့လို့ကောက်ထားလိုက်တာ။
JB မှာဘာမှပြန်မပြောပေ
YoungJae's POV: ဘယ်လိုဟာလဲဟ ကျေးဇူးတင်ပါတယ်တောင်မပြောဘူး။ မှန်းထားတာနဲ့တထပ်တည်းမကျပါလားး