ပန်းကြွေအိပ်မက်-3

1.6K 113 5
                                    

သူ့စကားသည် ဘယ်သို့ဘယ်ပုံ ဘာသဘောသက်ရောက်နေသနည်းဆိုတာ Oh Sehunဆိုသော လူ မသိလေရော့သလား

ပြီးတော့ သူ့စကား၏အဆုံးသတ်စကားလုံး

"စစတွေ့ချင်းတည်းက စိတ်ဝင်စားခဲ့တာ ဒုံဒယ်မွန်းမှာစတွေ့ကတည်းကပေါ့ မင်းဘယ်သူလဲ ဘယ်မှာနေလဲဆိုတာသိချင်မိပြီး အခုငါနဲ့မင်းပြန်ဆုံရတယ်ဆိုပေမယ့် ဟက် အခုတော့နောက်ကျသွားပြီထင်တယ် "

သူစကားအဆုံးသတ်မှာ ကျွန်မ၏နှလုံးခုန်သံတွေ အသက်ရှူတွေပါမူမှန်မဟုတ်တော့ သူ့ကိုလည်းငေးကြောင်ပြီးဆက်မကြည့်ရဲ ခေါင်းကိုသာငုံ့ထားရင်း သူ့ပြောစကားကိုနားထောင်နေမိသည်

"ခြယ် ဘယ်လိုပဲဖြစ်ဖြစ် မင်းစိတ်ကိုရတဲ့ကောင်လေးကကံကောင်းမှာပါ ပြန်ရအောင် "

"ခြယ်လို့မခေါ်ပါနဲ့ ကျွန်မမကြိုက်ဘူး"

သူနှင့်တွေ့တိုင်း မုသာဝါဒချည်းကျူးလွန်မိနေသော ကျွန်မသည် ဘယ်နှစ်ကြိမ်မြောက်မှန်းမသိသော မုသာဝါဒကိုကျူးလွန်ပြန်ချေသည်

"ဘာလို့လဲ မင်းအရှေ့ကနာမည်က ခက်လို့ ခြယ်လို့ပဲခေါ်မယ် "

"ပိုင်စိုးပိုင်နင်းသိပ်လုပ်တာပဲ fanဆိုပြီး အနိုင်ကျင့်တာလား  "

"ဟား ဟား မင်းကလေအရမ်းလည်းရယ်ရတယ် ခြယ် "

"ဒီမှာ ကျွန်မ ဟာသသရုပ်ဆောင်မဟုတ်ဘူး ဘာ! အရမ်းရယ်ရတာပဲ ဟုတ်လား "

"မင်းဟာလေ ဒေါသထွက်လေပိုချစ်ဖို့ကောင်းလေပဲ ပင်ဂွင်းမလေးနဲ့တူတယ် ပုပုလေးနဲ့ ဟက်ဟက် "

သူ့၏မချိုမချဉ်ပြုံး၍ပြောသောစကားကြောင့် ကျွနမမျက်စောင်းကဒိုင်းခနဲ သူ့ဆီဝဲပျံသွားရသည်

"ဒီမယ် ကျွန်မအရပ် ၅ပေ၄ရှင့် ဘာပုတာလဲ ဒေါက်ဖိနပ်စီးရင် ရှင့်အရပ်ကိုမှီတယ် "

"အင်းပါ ဘယ်သူကဘာပြောလို့လဲ ရပါပြီ "

"ရုပ်ကိုက မချိုမချဉ်နဲ့ မြတ်ခြယ်ရေ ညည်းကြိုက်တာ လူကြီးမှဟုတ်ရဲ့လားပဲ ဟင်းးး"

"ဘာကို မင်းဘာပြောလိုက်တာလဲ "

သက်ပြင်းချမှုနှင့်အတူ
မြန်မာစကားကိုတတွတ်တွတ်ရေရွတ်နေမိသူ ကျွန်မ ခပ်ပြုံးပြုံးနဲ့သာ သူ့ဘက်လှည့်ပြောလိုက်သည်

"ပန်းကြွေအိပ်မက် "[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ