~~~~
ထိကပ်ထားရုံမျှသော နှုတ်ခမ်းမှအထိအတွေ့~~
သတိပြန်ဝင်လာချိန်၌ကား လက်တစ်ဖက်က ထို ကောင်းကင်သစ်မည်သူ၏ပါးထံကျရောက်သွားခဲ့၏။ပူထူသွားသော ပါးတစ်ဖက်အားကိုင်ရင်း သူကအံ့သြစွာကြည့်နေခဲ့သည်။ နှလုံးသားပြုတ်ကျမတတ်ဖြစ်နေရသည့် မြတ်ခြယ်မှာမူ သူ့ကိုစူးရဲရဲသာကြည့်နေခဲ့မိပြီးနောက်~~~
"ကိုယ့်သူဋ္ဌေးရုံးခန်းထဲဝင်ပြီး စော်ကားချင်တိုင်းစော်ကားတတ်တာ ရှင့်လုပ်ရပ်လား ကိုကောင်းကင်သစ်! မိန်းကလေးတစ်ယောက်အပေါ်မပြုမူသင့်တာတွေလုပ်ပြီးတော့လေ"
"မဟုတ်- ကျွန်တော်ရှင်းပြပါ့မယ် "
"တော်ပါပြီ အလုပ်သွားလုပ်တော့ နောက်တစ်ခါဆိုဆင်ခြင်ပါ "
"မမြတ်ခြယ်~"
"------"
"ကျွန်တော်ဖြစ်ခဲ့သမျှတွေအတွက်တောင်းပန်ပါတယ် ကျွန်တော်လည်းဘာဖြစ်သွားလို့ဖြစ်သွားမှန်းမသိခဲ့ဘူး တစ်ကယ်~ တစ်ကယ်မရည်ရွယ်ပါဘူး ကျွန်တော်လည်းရူးနေပြီထင်ပါတယ် "
ကျွန်မကြောင်ငေး၍ကြည့်မိသည်။ ကိုယ့်ခေါင်းကိုယ်ထုရိုက်အပြစ်ပေးနေပြီး ပွစိပွစိလုပ်နေသူက အစောပိုင်းက လူကိုလုပ်ချင်ရာလုပ်သွားသည့် အပြုအမူပုံစံမျိုးနှင့်မတူ...။
ပုံစံနှင့်မူ မိတ္တူကူးသကဲ့သို့ တူသည့်
"ကောင်းကင်သစ်"~ Oh Sehunမဖြစ်နိုင်ဟု အကြွင်းမဲ့ယုံထားပစ်ချင်လာပါ၏။
မဖြစ်နိုင်သည့်အကြောင်းတရားက ပိုများနေသည်မဟုတ်ပါလား။
ကောင်းကင်သစ်ဖြစ်စေ Oh Sehunဖြစ်စေ
မည်သူပင်ဖြစ်စေကာမူ ထိုနှစ်ယောက်နှင့်ပတ်သတ်ဆက်နွှယ်ရန်အကြောင်းတရားကား မြတ်ခြယ်၏ထံတွင် မရှိ...။
အချစ်ဟူသည်ကြောင့် ရူးမတတ်လမ်းပျောက်နေခဲ့ရပြီး
ဒီ့ထပ်ပို၍လည်း လမ်းစပျောက်၍ မခံစားချင်တော့သောကြောင့်...။သူ့အား စကားမပြန်ပဲ နဂိုမူလဦးတည်ရာဆီကိုသာ ထွက်လာခဲ့သည်။ တစ်ယောက်သောသူမှလွဲ၍ မရည်ရွယ်ခဲ့ဖူးသော အနမ်းဟူသည့်အရာမှာလည်း ထိုသူ့ထံတွင် ထပ်မံပေးအပ်ခဲ့ရသည်တဲ့လား~~
အတွေးနှင့်ပင် ကိုယ့်ကိုကိုယ်သတ်ပစ်ချင်လာရ၏။
မြတ်ခြယ်သည် အလွန်တရာ နမော်နမဲ့နိုင်ပေသည့် မိန်းကလေးတစ်ယောက်ဖြစ်မှန်းမသိဖြစ်ခဲ့၏။ ထိုကောင်းကင်သစ်ဆိုသူ၏ရှေ့၌...။
BINABASA MO ANG
"ပန်းကြွေအိပ်မက် "[Completed]
Fanfictionမတည်မြဲသော လောကတွင် ထာဝရဆိုသောစကားတစ်ရပ်သည် အသုံးမဝင်သလိုပင် သို့သော် ကျွန်မ၏အိပ်မက်အတွက်တော့ အလွန်ပင်အဖိုးထိုက်တန်သောစကားတစ်ရပ် ထာဝရမက်ချင်ခဲ့သော အိပ်မက်အား ထိုသူကမက်စေခဲ့သည် သို့သော် ထိုသူကပဲ ထာဝရအိပ်မက်မှ ပြန်နိုးထစေခဲ့သည် ဤသည်ကား ကျွန်မ၏အိပ်မက...