အပိုင်း ၁၀

885 75 0
                                    

" အင်း ဒီညတော့ အနှောင့်အယှက်မရှိတော့ဘူးထင်ပါတယ်" Tao တိုးတိုးလေးရေရွတ်ရင်းပြုံးလိုက်မိသည်
Onewက သူမအပေါ် အမြဲကောင်းခဲ့သည်လေ
အနေအေးပီး သွားဖုံးလေးများပေါ်သည်အထိ အားရပါးရပြုံးရယ်တတ်တာကလည်းတစ်မျိုးချစ်ဖို့ကောင်းသည် " သူ့ ကြည့်ရတာ ဒီည တခုခု ဖွင့်ပြောတော့မယ့်ပုံပဲ ငါ့ကိုသဘောကျနေတာများလား ဟိ ဒီအရွယ်ရောက်နေပီ ရည်းစားလေးတစ်ယောက်လောက်တော့ ထားပစ်လိုက်ဦးမယ် ခိခိ"

Onew > Noonaသွားရအောင်
Tao > အင်းအင်း kaja

Krisတစ်ယောက် ဒီအချိန်ဆို ဒီလမ်းကြားထဲရောက်နေပီသား.... Taoအလုပ်လုပ်တဲ့ဆိုင်လေး နဲ့မလှမ်းမကမ်းလေးပေါ့ ညတိုင်း Taoအိမ်ကို အန္တရာယ်ကင်းကင်း ပြန်ရောက် မရောက်လိုက်ကြည့်ရသည် တစ်နေ့တော့ ဒီဘေးခုံလေးမှာ Tao ကိုတင်ပီး ညတိုင်းအိမ်လိုက်ပို့ပေးမှာပါ မကြာခင် ဖွင့်ပြောတော့မယ် Tao မငြင်းပါစေနဲ့လို့ပဲဆုတောင်းပါတယ်

Kris တွေးနေတုန်းမှာပဲ Tao ထွက်လာသည်" ဟင် ဟိုကောင်လေးနဲ့ ပါလား  နှစ်ယောက်သား Taxiတားပီး ဘယ်သွားမှာလဲ"
Krisခပ်သွက်သွက်လေး ကားစက်နိုးလိုက်သည်

. . . . . . . . . . . . . . . .

Onewတစ်ယောက်အခက်တွေ့နေပီ ဒီညTao noonaကိုဖွင့်ပြောဖို့်ခေါ်လာတာ ရဲဆေးလေးတင်ပီးပြောဖို့ကြိုးစားရင်း အကင်ဆိုင်မှာ ဆိုဂျုတွေမှာသောက်မိတာ
ခုတော့ Tao noonaက အရင်မူးပီး သီချင်းတောင်အော်ဆို နေပီ

"Ya! နားငြီးလိုက်တာ တောသံကြီးနဲ့ တိတ်တိတ်နေစမ်း တောသူမ"

အသံထွက်လာတာက Taoတို့ရဲ့ အနောက်စားဝိုင်းက လူသုံးယောက်ဆီမှ. . ရုပ်တွေက ဂျစ်စုတ်စုတ် လူမိုက်ရုပ်တွေနဲ့

"Yar!, ငါ့ကိုတောသူမလို့ဘယ်သူခေါ်တာလဲ နာချင်လို့လား ဟမ်" Taoမျက်စိမှိတ်ရင်း လှမ်းအော်သည်
Onewခမြာတော့ Taoလက်ကို ကိုင်လူပ်ရင်း "noona noona"ဟုသာ စိုးရိမ်တကြီးရေရွတ်နေသည်

လူတစ်ယောက် Tao တို့ဝိုင်းသို့ ထလာပီး စားပွဲပေါ်မှ ဆိုဂျူပုလင်းများကိုပုတ်ချလိုက်သည်
"ခွမ်း"
Tao ရုတ်တရက်ထရပ်လိုက်ပီး ထိုသူ့လက်ကို ဆောင့်ဆွဲလိုက်ကာ နောက်သို့ လိမ်းချိုးထားလိုက်သည်

အကြင်​နာစစ်​လျှင်​Tempat cerita menjadi hidup. Temukan sekarang