နွေဦးရာသီ ပန်းခရမ်းရောင်များပွင့်ချိန်ဆိုတော့ နေရာတိုင်းလိုလို ပန်းများနှင့်လှပနေသည် ကျောင်းပိတ်သောကာလဖြစ်သောကြောင့် အပန်းဖြေရာနေရာတိုင်းလိုလို ပျော်ပွဲစားထွက်သောသူ အပန်းဖြေသောသူတို့ ဖြင့်စည်ကားလျက်ရှိလှသည် ဒါကြောင့် သူမတို့မိသားစုလဲ အခုလိုကျောင်းပိတ်ရက်မှာ သားလေးက ပူဆာသောကြောင့် မိဘဖြစ်တဲ့ သူတို့ကလိုက်ပို့ပေးခြင်းသာ
သားလေးရဲ့တောင်းဆိုမှုကြောင့် သူတို့မိသားစု လေး Jeju ကျွန်းသို့အလည်အပတ်ရောက်ရှိလာ သည် Seoul နဲ့ Jeju ဆိုတာဘယ်လောက်မှမဝေးလှပေ flight နဲ့ဆို ၁နာရီသာကြာသည် သူတို့ jeju သို့ရောက် တော့ ခရီးသွားလည်ပတ်သူအမြောက်အများ တွေ့ရသည် ဘာကြောင့်လဲဆိုတော့ နွေရာသီကျောင်းပိတ်ရက်ဖြစ်သောကြောင့် လူစည်နေခြင်းပင် ခါတိုင်းလို ရက်မျိုးဆို လူသူသိပ်မရှိပါ အခန်းကို ကြိုတင်မှာထားသော ကြောင့်သာ သူတို့အဆင်သင့်တည်းခိုလို့ရသည်ကျွီ
မိသားစု 3 ယောက်အတွက် သူမယောကျာ်းက အခန်းကိုရွေးချယ်ထားတာက အတော်လေးကို အဆင်ပြေလှသည် ဒါပေမယ့်ငွေကုန်ကျေးကျ တော့များတာပေါ့ ဒါပေမယ့် သူမမပြောရဲပါ ဘာလို့ဆိုတော့ သူမယောကျာ်းက သိပ်ကို အသန့်ကြိုက်သောသူ နေရာထိုင်ခင်းလဲ တအားရွေးတတ်သောသူ သူစိတ်ကြိုက်ဖစ်မှ ကျေနပ်သောသူ သူလုပ်ထားတာကို ငြိုငြင်တာ မကြိုက်သောသူလေ ဒါပေမယ့် သူက ကျမတို့ မိသားစုကိုအရမ်းချစ်ရှာပါတယ် သားကိုဆို သဲသဲလှုပ်ပဲ လိုချင်တာဆိုအခုချက်ချင်းဝယ်ဆို ဝယ်ပေးလိုက်တယ် သားအတွက်ဆို အရေးကြီး ရဲ့အလုပ်ကိုတောင်ပြစ်ထားပြီး ချက်ချင်းပြန်လာသောသူကို ကျမ တစ်ခါတစ်ခါ ကြည့်မရဖြစ်သည် အလိုလိုက်ရင် ရောက်တတ် တတ်တယ်လို့ ကျမကပြောပေမယ့် မင်းကလဲ ကွာ ငါတို့မှာဒီသားလေးတျောက်ထဲရှိတာ ငါရှာ ထားတာက ငါ့သားအတွက်ပဲလို့ပြောလေ့ရှိ သည်
5 နစ်အရွယ်သာရှိသေးသည့် Tae Joon လေး က အပြင်ဘက်ကိုလှမ်းကြည့်နေသည် ပင်လယ်ပြင်ပေါ်မှာ ဘုတ်စီးနေကြသော သူတို့ကိုကြည့်ကာ အတော်လေးသဘောကျနေ သည် သူလဲ စီးချင်တာနဲ့ စတင်ပူဆာတော့သည်
YOU ARE READING
Once Upon A Time
Romanceဟိုးအရင်ကျောင်းသားဘဝတုန်းက အရမ်းချစ်တတ်တဲ့ ကောင်မလေးတျောက်ရှိခဲ့တယ် သူမဟာ သူ့ကိုအရမ်းချစ်မိတဲ့အတွက်ကြောင့် သူဘာခိုင်းခိုင်း မငြိုငြင်ဘဲ သူ့အတွက် ဘာမဆိုဖြည်းဆည်းပေးရှာတယ် ဒါပေမယ့် ကောင်လေးက ကောင်မလေးကို ပြန်မကြိုက်ခဲ့ဘူး မညှာမတာ နှိမ်ဆက်ခဲ့တယ် ဒါပေမယ...