ep.4
ဗုန်းးး
ရုတ်တရက် သူ့စားပွဲပေါ်ကျလာသော အရာကြောင့်လန့်ဖြန့်သွားသည်
ဘာလဲဟ
နင်ကူးခိုင်းထားတာတွေလေ ငါလာပေးတာ
အော် ပြီးသွားပြီလား မြန်လိုက်တာဟာ
အကျင့်ပုတ် နင်ဘယ်တုန်းကတည်းက လိုက်မရေးထားတဲ့စာတွေလဲ နည်းတာမဟုတ်ဘူး ကိုယ်ချင်းစာစိတ်ကိုမရှိဘူး
ဟဲ့ ကိုယ်ချင်းစားလို့ ငါဘာသာမကူဘဲနင့်ကို ကူးခိုင်းတာလေ ငါကိုယ်ငါကိုယ်ချင်းစာလို့
အော် တော်တော်လေးကိုကိုယ်ချင်းစာတတ်တာ ပဲနော်
ဒါပေါ့
တစ်ကိုယ်ကောင်းး ဟွန့်
ya နင်ငါ့ကိုဘာပြောတာလဲ
ကြားတဲ့အတိုင်းပဲ
ya !! ဘယ်လဲ ငါ့လဲစောင့်အုံးလေ ya !!
ကျောင်းထွက်ပေါက်သို့ သူမဆီအမှီပြေးလိုက်လာကာ နောက်ကနေ ကျောပိုးအိတ်ကိုလှမ်းဆွဲလိုက်တော့ သူမခြေလှမ်းတွေရှေ့ဆက်မရတော့ဘဲ ရက်ကန်ရက်ကန်ဖြစ်နေတောသည်
ya ဘယ်လဲ
ဘယ်ရမှာလဲ အိမ်ပြန်မလို့ပေါ့ နင်ငါ့ကိုဘာခိုင်းမ လို့လဲ ဒီတစ်ခါမလုပ်ပေးနိုင်ဘူးဟာ ငါအလုပ်ရှိ သေးတယ်
မခိုင်းပါဘူး နင်ကိုငါပြန်လိုက်ပို့ပေးမယ်
ဘုရားရေ နင်က ငါ့ကို ပြန်လိုက်ပို့မယ် ဟုတ်လား
အင်းလေ နင်ငါ့ကိုစာကူးပေးထားတယ်လေ အာ့ကြောင့်ပို့မှာ နင်ကတခြားဘာစိတ်ကူးယဉ် နေတာလဲ ဘာလဲ ငါကနင့်ကိုစိတ်ဝင်စားနေ တယ်လို့နင်ထင်နေတာလား
မထင်ပါဘူးဟယ်
ဒါဆိုငါ့ကို ဘယ်လိုမြင်လဲ
ဘယ်လို့မြင်ရမှာလဲ ဒီတိုင်းပဲမြင်တာပေါ့
ဟုဘူးလေ ငါပြောတာက ငါ့ကိုဘယ်လိုမြင်လဲ လို့
အေးလေ လူလိုမြင်တယ် ဒီတိုင်းပဲလို့ဆိုနေဟာ လာရစ်နေပြန်ပြီ ငါအလုပ်ရှိသေးတယ် ဖယ်ဟာ
YOU ARE READING
Once Upon A Time
Romanceဟိုးအရင်ကျောင်းသားဘဝတုန်းက အရမ်းချစ်တတ်တဲ့ ကောင်မလေးတျောက်ရှိခဲ့တယ် သူမဟာ သူ့ကိုအရမ်းချစ်မိတဲ့အတွက်ကြောင့် သူဘာခိုင်းခိုင်း မငြိုငြင်ဘဲ သူ့အတွက် ဘာမဆိုဖြည်းဆည်းပေးရှာတယ် ဒါပေမယ့် ကောင်လေးက ကောင်မလေးကို ပြန်မကြိုက်ခဲ့ဘူး မညှာမတာ နှိမ်ဆက်ခဲ့တယ် ဒါပေမယ...