ep.13
ငယ်ရာကနေလူကြီးဖြစ်လာကြတာ အခုဆိုသူတို့တွေတက္ကသိုလ်ကျောင်းတောင် ပြီးတော့မှာပါလား အချိန်တွေကကုန်မြန်လိုက် တာ နွေ ဆောင်း ရာသီစက်ဝန်းနှစ်ခုကတစ်လှည့်ဆီ လှည့်ပတ်သွားလာနေတာ အခုဆိုဆောင်းဦး တောင်ရောက်နေပြီ အအေးဓာတ်ကလဲလွန်ကဲ သလို တစ်ခါခါကျရင်နှင်းမိုးတွေတောင်ရွာကြ တယ် ဒီလိုအရာအားလုံးကပြောင်းလဲနေပေမယ့် joon & jiyu ကတော့နဂိုအတိုင်းပင်ဘာမှ ပြောင်းလဲသွားခြင်းမရှိ တစ်အိမ်ထဲတူတူနေကြ တဲ့ လင်မယားတွေဖြစ်ကြပေမယ့် အခုထက်ထိ သူငယ်ချင်းအဆင့်ကနေမကျော်လွန်သေး အရင်ကထက်ပိုပြီးရင့်ကျက်ကာ စီးပွားရေးလောကမှာ Kim Namjoon ဆိုသောသူါကိုမသိတဲ့သူဆို၍ မရှိသလောက် နည်းလွန်းသည် သူမကိုချစ်တယ်ဆိုတဲ့စကား လေးတစ်ခွန်းကြားရဖို့အတွက်စောင့်နေတာ အခုဆို 5 yrs နီးပါးရှိသွားပြီ အရင်တုန်းကလိုပဲ အေးတိအေးစက် တစ်ခါတစ်လေ လူကိုမထိတထိနဲ့ ရင်ခုန်အောင်ပြောတတ်တာ ကအစ မပြောင်းလဲသေးပါ သူပြောင်းလဲသွားတာကတော့ အောင်စာရင်း ထွက်ပြီး တက္ကသိုလ်စတက်ထဲကပါပဲ noona ဆိုတဲ့မိန်းကလေးကိုခေါင်းထဲကထုတ်ပစ်လိုက် ပြီး ဆေးကျောင်းမတက်ပဲစီးပွားရေး major ကိုယူကာ ဂုဏ်ထူးတန်းအောင်တဲ့အထိတက်ပြီး စီးပွားရေးထဲအခြေချဇာတ်မြုပ်နေခဲ့တာအခုထိ ပါပဲ jiminနဲ့သူမကတော့ ဆေးကျောင်းကိုဆက် တက်ခဲ့တာ အခုထိဆရာဝန်ပေါက်စလေးတွေ တောင်ဖြစ်နေပြီး ဆေးရုံတစ်ခုထဲမှာအလုပ် တောင်ဆင်းနေကြပြီ ဒီလိုနဲ့နောက်ပိုင်း သူတို့မှာ အချိန်မရှိလို့တျောက်နဲ့တျောက်တွေ့ဖို့ခဲရင်း လာသလို အနေဝေးသလိုဖြစ်လာတော့သည်
ဒီနေ့လဲ ဆေးရုံမှာduty ရှိတာတောင်အစော ကြီးအိမ်ကနေထွက်လာခဲ့သည် joon အတွက်မနက်စာကိုတော့ arjima ကိုပဲလုပ်ခိုင်း ရပြန်တော့သည် အခုနောက်ပိုင်း joon အတွက်ကျမတာဝန်မကျေသလိုခံစားနေမိသည် အရင်ကဆို မနက်စာလဲသူမပဲပြင်ဆင်ရ အဝတ်အစား ဖိနပ် အခန်းသန့်ရှင်းရေး သူ့ရဲ့ ဝေယျာဝစ္စအားလုံးသူမတျောက်ထဲသာလုပ်ရ သည်မဟုတ်လား အခုတော့ဒါတွေအားလုံးကို arjima အားလုပ်ခိုင်းနေမိသည် သူမအတွက်အချိန်မရှိမှသာခိုင်းတာပါ အချိန်ရရင်တော့ ကိုယ်တိုင်ပြင်ဆင်ပေးပါသည် ဒါကို joonလဲနားလည်လိမ့်မယ်လို့ထင်တယ်
YOU ARE READING
Once Upon A Time
Romanceဟိုးအရင်ကျောင်းသားဘဝတုန်းက အရမ်းချစ်တတ်တဲ့ ကောင်မလေးတျောက်ရှိခဲ့တယ် သူမဟာ သူ့ကိုအရမ်းချစ်မိတဲ့အတွက်ကြောင့် သူဘာခိုင်းခိုင်း မငြိုငြင်ဘဲ သူ့အတွက် ဘာမဆိုဖြည်းဆည်းပေးရှာတယ် ဒါပေမယ့် ကောင်လေးက ကောင်မလေးကို ပြန်မကြိုက်ခဲ့ဘူး မညှာမတာ နှိမ်ဆက်ခဲ့တယ် ဒါပေမယ...