Ep.16
Joon na ပျင်းနေပြီလား
နည်းနည်းပေါ့ လာသွားကြစို့
ဘယ်လဲ
တစ်နေရာရာပေါ့
သူမလက်လေးကိုဆွဲကာshopping mall တစ်ခုသို့ခေါ်လာခဲ့သည်ခရစ်စမတ်ကာလာဆိုတော့သစ်ပင်လေးတွေကိုအလှဆင်ထားတာအရမ်းလှသည် သစ်ပင်ပတ်လည်တွင်လဲလက်ဆောင်ထုပ်လေးတွေနဲ့ပြည့်နေသည် Santa လိုဝတ်ဆင်ထားတဲ့သူတွေက shopping mall ထဲဝင်လာသူတိုင်းလက်ဆောင်တစ်ခုစီပေးသည် joon & Jiyu လဲတစ်ခုချင်းစီရကြတယ် ပြီးတော့သူတို့ရဲ့ဆုတောင်းစာလေးကို ခရစ်စမတ်သစ်ပင်လေးထံချိတ်ဆွဲကာဆုတောင်းခဲ့ကြသေးသည်
Joon 's wish - ကျနော် နဲ့ Jiyu သားသားမီးမီးများနှင့်သေတပန်သက်တစ်ဆုံး သစ္စာရှိရှိတစ်ယောက်ကိုတစ်ယောက်လက်တွဲမဖြုတ်ပဲနေသွားကြပါလို၏ အာမင်
Jiyu's wish - ကျမသည် joon အပေါ်သဘောထားကြီးမြတ်သောနားလည်မှုပေးနိုင်သော joon ကိုပျော်ရွှင်အောင်ထားနိုင်သောအိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်ရာပါစေ joon နဲ့တစ်သက်လုံးမခွဲအတူသားသမီးများနဲ့ပျော်ရွှင်စွာသာယာသောမိသားစုအဖြစ်သေထိတိုင်နေသွားပါရစေ ဘုရားသခင် အာမင်
Jiyu ya ဘာဆုတောင်းတာလဲ
မပြောဘူး 👅👅
ဟာ အကျင့်ပုတ်
Jimin pov ဗြဲ သူများတွေများတခြားနေရာမှာ သာယာနေလောက်ပြီ ငါ့ကျတော့ လူနာတွေနက် Jiyu မ ပြန်လာပစေအုံး အမှုန့်ကြိတ်ပစ်မယ်
တစ်နေကုန်အောင်လျောက်လည်ကြပြီးနောက် ဗိုက်ကဆာလာသည်နှင့် Mini Mart တစ်ခုထဲဝင်ကာ အိမ်အတွက်လိုအပ်သော ပစ္စည်းတွေဝယ်လိုက်သည်
Joon na နင်ဘာစားချင်လဲ
Silent
Joon na ဘာဖြစ်နေတာလဲ
အမှန်တော့ joon သူ့ဘေးနားကအတွဲကိုကြည့်ပြီး အားကျနေတာ ကောင်မလေးက oppa ဆိုပြီးချွဲနေတာလေးကိုသဘောကျနေတာ jiyu လဲသူ့ကိုအဲ့လိုခေါ်ရင်ကောင်းမှာပဲဆိုပြီးတွေးနေတာလေ တကယ်တော့ Jiyu က joon ထက်တစ်နှစ်ငယ်တယ် ဒါပေမယ့်သူမကတစ်ခါမှ oppa လို့မခေါ်ဘူး ရွယ်တူလိုပဲပေါင်းသင်းပြောဆိုတတ်တယ် ဒါကိုအရင်ကတော့ဘာမှမဖြစ်ပေမယ့် ချစ်သူဖြစ်လာတော့သဘောမကျချင်တော့ သူများခေါ်သလို oppa လို့ခေါ်စေချင်လာသည်
ESTÁS LEYENDO
Once Upon A Time
Romanceဟိုးအရင်ကျောင်းသားဘဝတုန်းက အရမ်းချစ်တတ်တဲ့ ကောင်မလေးတျောက်ရှိခဲ့တယ် သူမဟာ သူ့ကိုအရမ်းချစ်မိတဲ့အတွက်ကြောင့် သူဘာခိုင်းခိုင်း မငြိုငြင်ဘဲ သူ့အတွက် ဘာမဆိုဖြည်းဆည်းပေးရှာတယ် ဒါပေမယ့် ကောင်လေးက ကောင်မလေးကို ပြန်မကြိုက်ခဲ့ဘူး မညှာမတာ နှိမ်ဆက်ခဲ့တယ် ဒါပေမယ...