~~~Part 2~~~
Sica POV
ကျမ မျက်လုံးကို ကြိုးစားပြီး ဖွင့်ကြည့်လိုက်တယ်
မြင်ကွင်းက အစပိုင်းမှာ မှုန်မှုန်ဝါးဝါး...
နောက်ပိုင်းမှ မြင်ကွင်းကပိုပီပြင်လာတယ်
ကျမမြင်လိုက်ရတာက...
ကျမတို့ CCG agents တွေရဲ့ အလောင်းတွေပါ
အသက်ရှင်ကျန်သူဆိုတာ မရှိသလောက်ပါပဲ
ကျမတယောက်က လွဲရင်ပေါ့တချို့အလောင်းတွေကို ghoul တွေစားနေကြတယ်
ကျမရဲ့ အရှေ့မှာတင် ghoul နှစ်ကောင် အလောင်းတွေကိုစားနေကြတယ်
ကျမ ဘေးဘီကိုကြည့်လိုက်တော့ ကျမရဲ့ quinque က ကျမရဲ့ ညာဘက်နားလေးတင်မှာ
Quinque ကိုယူဖို့ လက်လှမ်းလိုက်တော့ အရှေ့ကိုတိုးလို့မရ
အနောက်ကိုပြန်ကြည့်လိုက်တော့ ကျမ ဘယ်ဘက်ခြေထောက်ကို ကျောက်တုံးပိနေသည် ဆွဲထုတ်ဖို့ ကြိုးစားသော်လည်း ကျောက်တုံးက အတော်လေးကို လေးနေတော့ ဆွဲထုတ်မရပါကျမလည်း မမှီတမီနဲ့ quinque ကိုပဲ ရအောင်ယူနေတုန်း
"ဝုန်း"
ကျမနဲ့ quinque ကြားကို မြေခွေးမြီးလိုမျိုး kagune တခုကျလာပါတယ် ပြီးတော့ ကျမရဲ့ quinque ကို ကျမနဲ့ ဝေးရာကို ပုတ်ထုတ်လိုက်တယ်
"Wow!ဒီတယောက်က အသက်ရှိသေးတာပဲ"
ကျမကြားလိုက်ရတာက မိန်းကလေးတယောက် အသံပါ
ကျမ အသံကြားရာကို ကြည့်လိုက်တော့...
မျက်လုံးတွေတောင် ပြူးကျယ်သွားမိတယ်
ကျမတသက်နဲ့တကိုယ် ghoul တွေအများကြီး တွေ့ဖူးပါတယ် အားလုံးဟာ kagune တခုသာရှိတဲ့ ghoul တွေပါပဲ အလွန်ဆုံးရှိ kagune နှစ်ခုပေါ့ ဒီ့ထက်မပိုပါ
ဒါပေမယ့် ဒီ ghoul မိန်းကလေးမှာတော့ ခါးအနောက်ဘက်ကနေ ထွက်နေတဲ့ မြေခွေးမြီးပုံစံရှိပြီး အလွန်ရှည်တဲ့ kagune လေးခုတောင်ပါ
မျက်နှာမှာလည်း မြေခွေးပုံ အနက်ရောင် မျက်နှာဖုံးကို စွပ်ထားပါတယ်ထိုမိန်းကလေးက ကျမလက်တွေကို သူ့ kagune တွေနဲ့ ချုပ်လိုက်ပါတယ် ပြီးတော့ ကျမကို အနီးကပ်သေချာကြည့်ပြီး