မားး
တခြားသူတွေကတော့သူတို့ဘဝရဲ့ hero
အဖြစ်ဘယ်လိုလူမျိုးကိုသတ်မှတ်ထားလည်းမသိပေမယ့် သူ့ဘဝရဲ့ heroကတော့မားး
ဘဲဖြစ်ပါသည်..စိတ်သဘောထားခြင်းမ
တိုက်ဆိုင်ကြသဖြင့် မားနဲ့ပါးက သူ7နှစ်အရွယ်တည်းကတရားဝင်ကွာရှင်းခဲ့တာဖြစ်
ပီးသူ့ကိုအုပ်ထိန်းခွင့်အတွက်တရားရင်ဆိုင်
ရာမှာတော့မားကအနိုင်ရခဲ့တာဖြစ်ပါသည်.
ကွာရှင်းပီ3းနှစ်လောက်အကြာမှာတော့ပါး
ကသူ့နောက်အိမ်ထောင်နဲ့အတူ America
သို့အပီးထွက်ခွာသွားခဲ့ပါသည်..အဲ့ဒီအချိန်
မှာ မားက single mom ဘဝကိုခံယူကာ
စီးပွားရေး လောကထဲခြေစုံပစ်ဝင်ခဲ့ပီဖြစ်
သည်..ထို့ကြောင့် ယနေ့ခေတ် Korea ရဲ့
အထင်ကရလုပ်ငန်းစုတွေထဲက တစ်ခုဖြစ်
သော Z&MR ကို ဦးဆောင်နေတဲ့သူ
က အသက် 42 နှစ်အရွယ် အမျိုးသမီးတစ်
ယောက်ဆိုလျှင် တချို့သူတွေက အံသြကောင်းအံသြပေလိမ့်မည်..ဒါပေမယ့်
Xing MiRa ဆိုသောမားကိုတွေ့လျှင်တော့
အံ့သြတော့မှာ မဟုတ်ပေ..အဘယ်ကြောင့်
ဆိုသော် မားသည်ဒီတိုင်းသာမာန်သူတစ်ယောက်ကကြည့်ရင်တောင် အင်မတန်ထက်သောမိန်းမတစ်ယောက်ဆိုတာချက်ချင်းသိစေနိုင်သောအမျိုးသမီးတစ်ယောက်
ဖြစ်ပါသည်..လူတစ်ဖက်သားကို အကဲခတ်ရာမှာတော်လွန်းသည့် ရေပြာအိုင်လို စူးရှကာ တလက်
လက်တောက်နေသောမျက်ဝန်းများ..
သူ့လိုမျိုးပါးချိုင့်ခပ်နက်နက်တစ်ဖက်နဲ့42လို့
မထင်ရအောင်နုပျိုသောမားက နောက်အိမ်
ထောင်ပြုဖို့ကိုလည်းလုံးဝစိတ်မဝင်စားဘဲ
သူ့ကိုသာ သူမရဲ့ အရာအားလုံး အဖြစ်
သတ်မှတ်ပီးချစ်ခဲ့တာဖြစ်ပါသည်..တစ်ဦး
တည်းသောသားလေးမို့ ဖူးဖူးမှုတ် ရင်ခွင်ထဲ
ပွေ့ထားမတက် အဖြစ်သည်းသော မိခင်မျိုး
တော့မဟုတ်ဘဲ သူ့ကို ငယ်စဉ်ကတည်းက
Guide line နှင့်စနစ်တကျပြုစုပျိုးထောင်ခဲ့
တာဖြစ်သည်..အမေချစ်သားတို့ရဲ့ထုံးစံ
အတိုင်းမားရဲ့ချစ်ခြင်းမေတ္တာတွေကိုခံစားမိ
နေတဲ့သူကလည်း ဒီနေ့ဒီအချိန်ထိ မားစိတ်
ပျက်အောင်..စိတ်ညစ်အောင်ဘာတစ်ခုမှ
မလုပ်ဖူးဘဲ မားရဲ့စနစ်တကျပုံသွင်းခြင်း
အောက်မှာ အသားတကျရှိခဲ့ပါသည်..
![](https://img.wattpad.com/cover/78330161-288-k479358.jpg)