Part 5

3.4K 363 62
                                    

မားသူ့ကိုခေါ်သွားတဲ့ party ဆိုတာက..
D&N groupမှအငယ်ဆုံးသမီးရဲ့.BDparty
ကိုဘဲဖြစ်သည်..သူတို့ရဲ့မိသားစုဝိုင်းမှာဘဲ
နေရာချထားပေးပီး..DNကသူဌေးကတော်
နဲ့မား.နဲ့စကားပြောနေတဲ့ပုံစံတွေကလည်း
ဟိုးးအရင်ကတည်းကသိကျွမ်းခဲ့တဲ့ငယ်
ပေါင်းကြီးဖော်တွေလို..တကယ်ဆိုသူတို့နဲ့
DNဆိုတာအဲ့လောက်ကြီးရင်းနှီးတဲ့ဆက်
ဆံရေးမျိုးးလည်းမဟုတ်ပါဘဲနဲ့..
သူ့လိုမျိုးအရာရာပြည့်စုံတဲ့ တစ်ဦးတည်း
သောသားကိုပိုင်ဆိုင်ထားတာမို့..သူတို့
အသိုင်းဝိုင်းကသမီးရှင်တွေကြားထဲမှာ
လုံးဝအချေဒီဇိုင်းနဲ့..နေတက်တဲ့မားဟာခုလို
မျိုး DN နဲ့ပုလဲနံသင့်နေတာကိုမြင်ရခြင်းက
သူ့နားထဲကသတိပေးခေါင်းလောင်းသံတွေ
ကိုဆူညံစေသည်...ဒီကြားထဲရှေ့တည့်
တည့်မှာ ထိုင်နေတဲ့မွေးနေ့ရှင်မိန်းကလေး
ကလည်း..သူတို့သားအမိနှစ်ယောက်
ရောက်လာကတည်းကဘယ်ဝိုင်းကိုမှလိုက်
ပီးဧည့်မခံတော့သလို.သူ့ကိုကြည့်လိုက်.
ရှက်သွေးဖြာ လိုက်နဲ့တစ်ယောက်တည်း
အလုပ်ရှုပ်နေတာမို့....စိတ်တွေတောင်
ညစ်လာရသည်..ပီးတော့ငယ်လေးစောင့်
နေတယ်ဆိုတဲ့အသိနဲ့ ဘောင်းဘီအိတ်ထဲ
ကတဒီးဒီးနဲ့တုန်ခါနေတဲ့ ဖုန်းခေါ်ဆိုမှုအရေ
အတွက်ကလည်းနှလုံးအိမ်ကိုဝါယာရှော့နဲ့
ရိုက်နေသလိုယောက်ယက်ခက်စေသည်
လေ...
Xingကစိတ်ရှုပ်ရင်လုပ်တဲ့အမူကျင့်အတိုင်း
မျက်ခုံးကိုလက်မနဲ့အသာခြစ်နေရင်းမား
ဘက်ကိုလှည့်ကာ...

"မား..ကျွန်တော် သန့်စင်ခန်းခဏသွားလိုက်
ဦးမယ်နော်.."

သူ့စကားကြောင့်မားကDNကသူဌေးက
တော်နဲ့စကားပြောနေရာမှ.လှည့်ကြည့်လာ
၍..necktie ကိုပြင်ပေးသလိုနဲ့ သူ့နားကို
ကပ်ကာ..

"မားကိုချန်ထားပီးလစ်ပြေးမယ်လို့တော့
မကြံနဲ့နော်..မားလူကြားထဲအရှက်မကွဲချင်
ဘူး..ကြားရဲ့လား.."
နေရင်းထိုင်ရင်း လာချုပ်နေပြန်တဲ့..
မားရဲ့စကားကိုသူကခေါင်းလေးဘဲအသာ
ငြိမ့်ပြလိုက်ပီး..ဝိုင်းကလူကြီးတွေနဲ့မွေးနေ့
ရှင်ကိုပါခွင့်တောင်းသလိုတချက်ပြုံးပြခဲ့ကာ
ထွက်လာခဲ့ပါသည်..

သန့်စင်ခန်းထဲရောက်တာနဲ့ဘောင်းဘီအိတ်
ထဲကဖုန်းကိုထုတ်ကြည့်လိုက်တော့မနည်း
မနောရှိနေသည့်.missed call များနဲ့
messageများကြောင့်သူ့ခေါင်းဟာနှစ်ဆ
လောက်ကြီးတက်ခဲ့သလိုပင်...

The Love Story Of MaMa boyWhere stories live. Discover now