ပြောချင်ခဲ့တာ....
အမြဲတမ်း.....
ပြောချင်နေခဲ့တာပါ...
"DO KYUNG SOO....
မင်းကိုအရမ်းချစ်တယ်"လို့လေ....
❦ ❦ ❦ I just wanna say "I love you"
Chanyeol တစ်ယောက် ကလိထိုးတာရပ်လိုက်ရင်း....
"အမေ့~~~~"
Chanyeol kyungsooကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည် နွေးနွေးလေး..ပြီးတော့ သေးသေးလေး..
Chanyeolတကယ်တော့ Kyungsooကို စကားတွေအများကြီး ပြောချင်ခဲ့တာ..
**Kyungsoo ya ကိုယ့်ရင်ဘတ်နဲ့နီးနေတော့ ကိုယ့်နှလုံးသားလေးရဲ့ ရင်ခုန်သံကိုကြားရလားဟင်?**
အသံတိတ်မေးမိသည်....
သူ..Do kyung soo..ကြားရဲ့လား?.....
"Hyung!စားပြီးပြီလား?..ဟင်?"
Chanyeol ခေါင်းခါပြလိုက်သည် သူမှမစားရသေးတာ နောက်ပြီး သူ့ချစ်သူလေးရဲ့ လက်ရာစားချင်တာလည်း ပါမှာပေါ့ မဟုတ်ဘူး! ပါကိုပါတာ -_-
"အဲ့ဒါဆို ကျွန်တော်ချက်ပေးမယ် :D"
Kyungsooက သူ့ကိုတစ်ချက်ပြုံးပြပြီး အိပ်ရာပေါ်ကထကာ မီးဖိုချောင်ထဲဝင်သွားသည်..
နေ..နေပါဦး..Dyo Kyung soo..ဒီပင်ဂွင်းလေး စကားလွှဲသွားတာ သူနဲ့နီးနီးကပ်ကပ်နေချင်ပါတယ်ဆိုမှ..မီးဖိုချောင်ထဲပြေးသွားပြီ..haha!..ချစ်စရာကောင်းလိုက်တာ..
''Ti Ti´´
Message ဝင်လာတဲ့အသံကြောင့် chanyeol စားပွဲပေါ်ရောက်နေတဲ သူ့
့ဖုန်းကို လှမ်းယူပြီး ကြည့်လိုက်သည်
Oh!!! Sehunဆီကပဲ
Chanyeolတစ်ယောက် သူ့ဖုန်းကိုသူ ကြည့်ပြီးနောက် တွင်ကား မျက်နှာပေါ်တွင်အပြုံးချိုချိုတစ်ခုကနေရာယူလျက်သား..
❦ ❦ ❦ I just wanna say"I love you"
သူဖုန်းကိုယူပြီး မီးဖိုခန်းထဲဝင်သွားလိုက်သည် မီးဖိုထဲမှာ ဟိုပြေးသည်လွှား ချက်ပြုတ်နေတဲ့ ပင်ဂွင်းလေးတစ်ကောင်ကြောင့် သူရယ်လိုက်ရသေးရဲ့ ဘေးနားမှာရှိနေတဲ့ စာအုပ်နဲ့ ဘောပင်တစ်ချောင်းကို သူကောက်ယူလိုက်ပြီး စာလုံးအချို့ကိုရေးသားလိုက်သည် ပြီးတော့ Kyung sooရဲ့ခေါင်းလေးကိုကို လက်နဲ့ပုတ်လိုက်ပြီး သူစာအုပ်ကိုပြလိုက်သည်
![](https://img.wattpad.com/cover/74898503-288-k740135.jpg)