But baby ... baby... you're always priceless to me.

4.9K 319 38
                                    

ကမ္ဘာပျက်တယ်ဆိုတာသိပါသလား .... ချစ်သူရဲ့ နာကျင်မှုကို ဒီတိုင်းငုတ်တုပ်ထိုင်ကြည့်နေရတဲ့ အသုံးမကျမှုမျိုးကို ပိုင်ဆိုင်ထားတဲ့အခါ .... 

Donghae နာကျင်စွာ အော်ဟစ်ငိုယိုတောင်းပန်သံကြားမှာ သူ့ကမ္ဘာလဲ  အစိတ်စိတ် အမွှာမွှာကျကွဲခဲ့ပီ။ ဘာမှ မတတ်နိုင်သော အခြေအနေမျိုးမှာ ရှိုက်သံမထွက်အောင် ပြတ်ထွက်မတတ်ကိုက်ထားသော နှုတ်ခမ်းအစုံနဲ့ ဘာကိုရန်ရှာရမှန်းမသိသည့် ကျစ်ကျစ်ပါအောင်ဆုပ်ထားသော လက်သီးအစုံသာ အဖော်ပြုရာပင်။ 

ဘာလို့များ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့မှ .... မတွေ့ဖြစ်သော ရက်တွေမှာ သူ့အနေနဲ့ Donghae ကို Good Morning, Good Night, စားပီးပီလား, ဘာတွေလုပ် စသည်ဖြင့် မက်စေ့အရှည်အတိုပေါင်းများစွာ ပို့ခဲ့သော်လည်း ဆရာသမားက အရေးမလုပ်.... လျစ်လျူရှုမြဲရှုလျက်။ 

ဒီနေ့ ... သူ Donghae ကိုစချစ်မိတဲ့ တစ်လပြည့်၊ ဖွင့်ပြောသင့်လား ... ချစ်သူတွေဖြစ်သင့်လား ... သူ အသေအချာမသိ၊ မဆုံးဖြတ်နိုင်ပေမဲ့ .. ဒီနေ့တော့ အရမ်းတွေ့ချင်နေမိတာ ..။ ချိန်းထားပီးသား မပီးမပြတ်သေးတဲ့ ကိစ္စတွေက တညနေလုံးမပီးနိုင်မစီးနိုင်။ ခါတိုင်းဆို .. လူဒီလောက်ရရင်ပျော်မိမှာအမှန်ပေမဲ့ ခုတော့ စိတ်မရှည်ချင်။ ၀မ်းရေးက ရှိသေးတယ်မှတ်လား... အကျောရှည်တဲ့ မမများကြောင့်စိတ်တိုရသော်လည်း မက်လောက်စရာငွေကြေးကြောင့် မနည်းအောင့်အီးသီးခံနေရသည်။ Donghae အကြောင်းတွေးမိလိုက်တာနဲ့ အရှိန်ကျတတ်သွားသောကြောင့် မနည်းမစဉ်းစားမိအောင်နေရသည်ကလဲ တဒုက္ခပင် .... 

ရွှံ့နွံကြားထဲမှ သန့်ရှင်းစွာဖူးပွင့်လာသော အချစ်ကြာလေးသည် သူလိုလူမျိုးရဲ့ နှလုံးသားထဲမှာရော ဖူးပွင့်ဖို့ ထိုက်တန်ပါရဲ့လား .... သူ ဆက်ပီးမတွေးချင်ပါ။ 

ခပ်ဆတ်ဆတ်ငေါက်ငန်းနေသံနှင့် တောင်းပန်တိုးလျိုးနေသံတို့ကြောင့် မစပ်စုချင်သော်လည်း အမှတ်တမဲ့လှည့်ကြည့်မိသည်။ ကလပ်တကာကသိသော အမှောင်လောကမှာ နာမည်ကြီးလှသော အဖြူလိုင်းသမားခေါင်းဆောင်နှင့် သူ့အပေါင်းအပါနှစ်ယောက်၊ ဒီထက်သူ့မျက်လုံးကိုပြူးကျယ်စေသည်က Donghae.... တရွတ်တိုက်ပီး အခန်းထဲ ဆွဲသွင်းသွားသည်ကို သူဓါတ်လှေကားထဲဝင်ခါနီးမြင်လိုက်ရသဖြင့် အမြန်ပြန်ထွက်တော့ ... အခန်းထဲဝင်သွားကြပီ။ ကျွတ် .... ဒုက္ခပဲ ... ဒီလိုကောင်တွေက သရဲမရဲစီးသလို ...ကောင်မလေးတွေဆို သူတို့ဒဏ်မခံနိုင်လို့ ... မတွေ့အောင် မနည်းပတ်ပြေးနေကြတာ.....ဘယ်လိုများ ဒီလိုကောင်တွေနဲ့ တွေ့သွားပါလိမ့် ကလေးရယ်။

အဖြူရောင်Where stories live. Discover now