Then I defy you, Stars.

4.4K 284 19
                                    

အချစ်သည် အတူနိုးထရသော မနက်ခင်းဖြစ်သည်။

အချစ်သည် အတူစားသုံးရသော မနက်စာဖြစ်သည်။

အချစ်သည် ရင်ခွင်ထဲက ကိုယ်လုံးနွေးနွေးလေးဖြစ်သည်။ 

အချစ်သည် မျက်တောင် တိုစိတ်စိတ်လေးနှင့် သွားစွယ်လေးပေါ်အောင်ရယ်မောတတ်သည်။

အချစ်သည် Donghae ဖြစ်သည်။

အချစ်သည် နှလုံးသားကို ခပ်ပြင်းပြင်းရိုက်ခတ်သည့်အခါ ... သင် သည် သင်မဟုတ်သော တခြားလူတစ်ယောက်ဖြစ်သွားသည်။ အချစ်ရှိသော နှလုံးသားသည် မတူညီသော လူတန်းစားတစ်ရပ်ကိုဖြစ်ပေါ်စေသည်။

"Hyukjae ...  မင်းကို ငါ ပြောစရာရှိတယ်"

"အင်း .. ပြော ... ထူးထူးဆန်းဆန်း စကားပလ္လင်ခံနေတယ်"

"ငါလဲ မင်းလိုပဲ ... အချစ်နဲ့တွေ့ပီ ထင်တယ်"

အမြဲတမ်း လန်းနေတတ်သည့် Kyuhyun အသွင်က တည်ငြိမ် ရင့်ကျက်နေသည်။ ဘာမဆို ခပ်ပေါ့ပေါ့တွေးက အလေးမထားတတ်သော သူ့ အမူအကျင့်တွေကို က ကြီးက အ အထိ အလွတ်ရပီးသားမို့ ဒါ အသစ်တကာ့ အသစ်ဆုံးသော အမူအယာပင်ဖြစ်ကြောင်း သူ အံ့သြတကြီး ကောက်ချက်ချမိသည်။

"ဘယ်သူလဲ"

"Choi Siwon တဲ့ ... သူက ရဲ"

ဗုဒ္ဓေါ ..... 

သူ့ရင်ထဲမှာ ဘုရားအကျယ်ကြီးတလိုက်မိသည် ....  ဒီငနဲက မလုပ်မလုပ်နဲ့ လုပ်မဲ့လုပ်တော့ ငါးကြင်းခေါင်းတက်ကိုင်ဆိုသလိုဖြစ်နေပီ .... ပြည့်တန်ဆာလုပ်စားသော သူတို့လို အတန်းအစားနှင့် ထို ပြည့်တန်ဆာတို့ကို နှိမ်နင်းပပျောက်အောင် စီမံချက်များနှင့် ဖမ်းဆီးလေ့ရှိသော ရဲတစ်ယောက်နှင့်။ ကတုံးနှင့် ဘီးလို ဘယ်လိုမှ ကို ဆက်စပ်လို့မရချေ။

"ဟုတ်တယ် ... မင်း အံ့သြမှာ ငါသိတယ်။ ငါလဲ ငါ့ကိုငါ အရမ်းအံ့သြတာပဲ၊ သူလဲ အဲလိုပဲ၊ သူက ... သူက ပြောတယ် .... ငါ့လက်ဖ၀ါးကို ပထမဆုံး ဆုပ်ကိုင်လိုက်ရတဲ့အချိန်မှာပဲ .... သူ့ရင်ထဲကို နောက်တစ်ယောက် ထပ်ထည့်လို့မရအောင် ချစ်သွားတယ်တဲ့ .... ရင်ထဲမှာ လျှပ်စီးတွေစီးဝင်သွားသလို ... ရှိန်းခနဲဖြစ်သွားပီး .... ငါလဲ အဲလိုပဲ .... မဖြစ်နိုင်မှန်းသိပေမဲ့လဲ ......"

အဖြူရောင်Onde histórias criam vida. Descubra agora