4-ဖွင့်ဟဝန်ခံခြင်း

4.1K 351 7
                                        

"nae…ကျွန်တော်ကြိုးစားပါ့မယ်…"

ဘုတ်…

Phကို dash-boardပေါ်ပစ်တင်လိုက်
ကာ ခုံနောက်မှီပေါ်တစ်ကိုယ်လုံးပစ်မှီ
ပစ်လိုက်သည်

လေပူတွေကို မှုတ်ထုတ်လိုက်ရင်း မျက်
လုံးစုံမှိတ်ထားမိသည်…

*နိုင်ငံ့တာဝန်ကို ကျေပွန်အောင်ထမ်း
ဆောင်ပေးမယ်လို့ ငါယုံကြည်တယ်*

ဗိုလ်ချုပ်ရဲ့ပြောစကားတွေပြန်ကြားယောင်ရင်း သက်ပြင်းတွေချနေမိတာလည်း
ခဏခဏ…

မလွယ်ဘူး…လှို့ဝှက်ခန်းထဲခိုးဝင်ဖို့ဆိုတာ …အခန့်မသင့်ရင် သေသွားနိုင်တယ်

"huu!!"

ဂျောက်…

ကားတံခါးဖွင့်သံနဲ့ အတူရောပါလာတဲ့
ဘယ်ရီနံ့သင်းသင်းလေးကြောင့် chan yeolကားပေါ်တက်လာပြီဆိုတာ သိလိုက်တော့လှည့်ကြည့်မနေတော့ဘဲ
ကားသာမောင်းထွက်လိုက်သည်

ကားပေါ်တက်တက်ချင်းတွေ့လိုက်ရတာ
က မျက်လုံးစုံမှိတ်ကာ သက်ပြင်းတွင်တွင်
ချနေတဲ့ baek…

ကျွန်တော်လာမှန်းလည်းသိရော လှည့်
တောင်မကြည့်ပဲ ကားကိုသာမောင်းနေ
တယ်

ကျွန်တော့်ကို အဲ့လောက်တောင်စိတ်ဆိုး
နေတာလားဟင်???

huuu!!!

baekဆီက ထွက်လာတဲ့ သက်ပြင်းချသံ
သဲ့သဲ့ကြောင့် မျက်နှာလေးကို ခိုးကြည့်
လိုက်မိတော့ မျက်မှောင်ကျုတ်ကာ တစ်
ခုခုကို မကျေနပ်သလို တင်းမာနေလေရဲ့

အရင်နဲ့မတူ တိတ်ဆိတ်နေတဲ့ အခြေအ
နေကြောင့် သူမနေတတ်တော့…

တင်းမာနေတဲ့ သူ့မျက်နှာကြောင့်လဲ မျက်
ရည်တွေက အလိုလိုဝဲလာရပြန်သည်

park chan yeolမင်းဘာဖြစ်နေတာလဲ?
ကလေးဆန်လိုက်တာ???

"တောင်းပန်ပါတယ်…"

ရုတ်တရက် ထွက်ပေါ်လာတဲ့ အသံတိုး တိုးလေးက တုန်ယင်နေတာကြောင့် baek hyunလှမ်းကြည့်လိုက်မိတော့…

chan yeolရယ်လေ ခေါင်းငုံ့ထားကာ
ပေါင်ပေါ်တင်ထားတဲ့ လက်နှစ်ဖက်ကို
ခပ်တင်းတင်းဆုပ်ထားတာကြောင့်…

baekကိုချစ်တဲ့ကလေးဆိုးလေး (CB yaoi)Where stories live. Discover now